DVB Logo
Home
မြန်မာသတင်း
ဓာတ်ပုံသတင်းထောက် ၁ ဦးအပါအဝင် နောက်ထပ် အယောက် ၂၀ ကို ပုဒ်မ ၅၀၅ (က) ဖြင့်အမှုဖွင့်
DVB
·
April 17, 2021
ဓာတ်ပုံသတင်းထောက် ၁ ဦးအပါအဝင် နောက်ထပ် အယောက် ၂၀ ကို ပုဒ်မ ၅၀၅ (က) ဖြင့်အမှုဖွင့်
Donate to DVB

ဓာတ်ပုံသတင်းထောက် ၁ ဦးအပါအဝင် နောက်ထပ် လူပုဂ္ဂိုလ် အယောက် ၂၀ ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်နေတယ်လို့ အာဏာသိမ်း စစ်တပ်ရဲ့မီဒီယာက ဧပြီ ၁၇ ရက်မှာ ကြေညာပါတယ်။

အမှုဖွင့်ခံထားရသူတွေအထဲမှာ နန်းခင်သက်ထား၊ ထက်မြက်၊ ညိုလွင်ဦး၊ စန်းကြူ၊ မာန်ဇာမြေမွန်၊ ကျော်ဇေယျာလင်း၊ ခင်မောင်ဝေ၊ ရဲနိုင်၊ ကောင်းထက်ကျော်၊ ခင်မောင်ဝင်း၊ ဆန်းဆန်းဝင်း၊ ညီညီတင်၊ ကျော်စိုးနိုင်၊ ဓာတ်ပုံသတင်းထောက် စိုးဇေယျာထွန်း (ထိုင်းနိုင်ငံ)၊ ညီညီဝင်း၊ မိုးကျော်အောင်၊ ဘုန်းမြတ်ထူး၊ ကြည်ရွှင်၊ နေမျိုးလင်းနဲ့ လူမင်းသောင်းထွန်း တို့ ပါဝင်ပါတယ်။

အဆိုပါ ပုဂ္ဂိုလ်တွေဟာ နိုင်ငံ့ဝန်ထမ်းတွေကို CDM လှုပ်ရှားမှုမှာ ပါဝင်စေဖို့ လှုံ့ဆော်တာ၊ CRPHကိုထောက်ခံတာ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေပြီး ဆူပူအုံကြွမှုဖြစ်ပေါ်စေဖို့  အများပြည်သူအထိတ်တလန့်ဖြစ်စေဖို့ သွေးထိုးလှုံ့ဆော်တာတွေကို လူမှုကွန်ရက် စာမျက်နှာမှာ  ဖော်ပြ ဖြန့်ဝေခဲ့တယ်လို့ စွပ်စွဲဖော်ပြထားပါတယ်။

အလားတူ ထင်ရှားတဲ့ အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင်တွေ၊ အဆိုတော်တွေ၊ ရုပ်ရှင်ဒါရိုက်တာတွေ၊ မော်ဒယ်တွေ အနုပညာရှင်တွေနဲ့ အွန်လိုင်းမှာလူသိများသူတွေ အပါအဝင် ဒီကနေ့အထိ ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်အရေးယူခံထားရသူပေါင်း အယောက် ၂၀၀ ကျော် ရှိသွားပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013