DVB Logo
Home
မြန်မာသတင်း
NUG အစိုးရအဖွဲ့အစည်းအဝေး ပထမဆုံးအကြိမ်ကျင်းပ
DVB
·
April 17, 2021
NUG အစိုးရအဖွဲ့အစည်းအဝေး ပထမဆုံးအကြိမ်ကျင်းပ
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်တွေရဲ့ ပထမဆုံးအကြိမ်အွန်လိုင်းအစည်းအဝေးကို ဧပြီလ ၁၇ ရက် မှာကျင်းပခဲ့ပါတယ်။

အစည်းအဝေးမှာ နိုင်ငံတော် ဒုတိယသမ္မတ ဒူဝါလရှီးလက နိုင်ငံတကာ အစိုးရသစ်တွေ ရက် ၁၀၀ သတ်မှတ်ဆောက်ရွက်တာထက် NUG အစိုးရဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို တစ်လအတွင်း တိုးတက်တဲ့အခြေနေရရှိအောင် ဆောင်ရွက်ကြဖို့ အစိုးရအဖွဲ့ဝင်တွေကို တိုက်တွန်း ပြောဆိုခဲ့တယ်လို့ NUG အစိုးရက သတင်းထုတ်ပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး ပေါ်ပေါက်လာဖို့ အစိုးရအဖွဲ့ဝင်အားလုံး ညီညီညွတ်ညွတ်ဆောင်ရွက်ကြဖို့ ပြောကြားပါတယ်။ 

သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးတွေကတော့ ဌာနအလိုက် ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဧပြီ ၁၆ ရက်မှာ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်ပါဝင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013