DVB Logo
Home
မြန်မာသတင်း
နမ္မတူမြို့နယ် မန့်မိုင်ယာယီစစ်ရှောင်စခန်းတွင် အစားအစာ အခက်အခဲဖြစ်နေ
DVB
·
April 14, 2021
နမ္မတူမြို့နယ် မန့်မိုင်ယာယီစစ်ရှောင်စခန်းတွင် အစားအစာ အခက်အခဲဖြစ်နေ
1 / 13
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ် မန့်မိုင်ရွာက ဘုန်းကြီးကျောင်းရှိ စစ်ရှောင်စခန်းမှာ အစားအသောက် အခက်အခဲကြုံနေရတယ်လို့ စစ်ရှောင်စခန်း ကော်မတီအဖွဲ့က DVB ကို ပြောပါတယ်။

အစားအသောက် အခက်အခဲကြောင့် ကလေးတွေပါ တနေ့ကို ထမင်း ၂ နပ် သာစားရပြီး ကုလားပဲမှအပ အခြားဟင်းမရှိဘူးလို့ ယာယီစစ်ရှောင်စခန်း ကော်မတီဝင်တဦးက ပြောပါတယ်။

 "ချက်ပြီးရင် ကလေးတွေကို အရင်ကျွေးတယ်။ ကလေးတွေ စားပြီးမှ လူကြီးတွေ ပြန်စားတယ်။ ဆန်တော့ နည်းနည်းအဆင်ပြေတယ်။ ဒါပေမယ့် ရက်ကြာရှည်တော့ လောက်မလား မလောက်ဘူးလား မသိဘူး။ ရှိတော့ ရှိတာပေါ့။ တအား ခက်နေတာတော့ ဟင်းပေါ့နော်။ ဆန် အဆင်ပြေတယ် ဆိုပေမယ့် ဟင်း အခက်အခဲရှိတယ်။ နောက်ပြီးတော့ ရေရှည်ပေါ့နော်။ အခုဆို ရက်ပေါင်း မနည်းတော့ဘူး။ နောက်လည်း ဆက်နေရမယ့် အလားအလာရှိတယ်။ တိုက်ပွဲက ပြီးမယ့် အလားအလာ မရှိသေးဘူးလေ။"  

စစ်ရေးအခြေအနေ တင်းမာနေဆဲအပြင် စစ်မြေပြင်နဲ့ သိပ်မဝေးတာကြောင့် လုံခြုံမှု သိပ်မရှိပဲ အလှူရှင် အရောက်နည်းပြီး စားရေးအတွက် အလှူရှင်တွေလိုအပ်နေကြောင်း လက်ရှိ ကူညီဆောင်ရွက်ပေးနေတဲ့ "Help For Community" အဖွဲ့မှ ကိုရဲထက်က DVB ကို ပြောပါတယ်။

မန့်မိုင် ဘုန်းကြီးကျောင်း ယာယီ တိုက်ပွဲရှောင်စခန်းက စစ်ရှောင်ပြည်သူတွေက မတ်လ ၂၈ ရက်နေ့က ပန်လုံရွာနဲ့ ပန်ဟတ်ရွာက ထွက်ပြေးတိမ်းရှောင်လာကြတာပါ။

ယာယီ တိုက်ပွဲရှောင် ပြည်သူတွေမှာ နေအိမ်မီးလောင်သွားတဲ့ ပန်လုံရွာကမိသားစု တစ်စု အပါအဝင် အိမ်ခြေ ၈၀ ကျော်၊ ကလေးဦးရေ ၈၀ ကျော်အပါအဝင် လူဦးရေ ၂၀၀ ကျော် ရှိပါတယ်။

တိုက်ပွဲဖြစ်ပွားရာ နေရာတွေမှာတော့ TNLA, SSPP ပူးပေါင်းအဖွဲ့နဲ့ RCSS တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပြီး ဒေသခံပြည်သူတွေ ထောင်ချီ ထွက်ပြေး တိမ်းရှောင်နေရကာ လက်ရှိအထိ စစ်ရေးတင်းမာနေဆဲဖြစ်တယ်လလို့ ယာယီ ပွဲရှောင်ပြည်သူတွေနဲ့ ဒေသခံ ပြည်သူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013