DVB Logo
Home
မြန်မာသတင်း
ကနေဒါတွင် ကိုဗစ်-၁၉ ကူးစက်ခံရမှု ၁ သန်းကျော်၊ ကမ္ဘာတဝန်းသန်းချီကူးစက်ခံ ၂၃ နိုင်ငံဖြစ်လာ
DVB
·
April 9, 2021
ကနေဒါတွင် ကိုဗစ်-၁၉ ကူးစက်ခံရမှု ၁ သန်းကျော်၊ ကမ္ဘာတဝန်းသန်းချီကူးစက်ခံ ၂၃ နိုင်ငံဖြစ်လာ
Donate to DVB

ကနေဒါနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁ သန်းကျော်လာခဲ့ပြီးနောက် ကမ္ဘာတဝန်း သန်းချီကူးစက်ခံရတဲ့ နိုင်ငံပေါင်း ၂၃ နိုင်ငံထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

          တကမ္ဘာလုံးအတိုင်းအတာနဲ့ ရောဂါကူးစက်ခံရသူ ၁၃၄ သန်းကျော်၊ သေဆုံးသူ ၂၉ သိန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းလာသူအရေအတွက်ကတော့ ၁၀၈ သန်း ကျော် ရှိနေတာပါ။

ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၃၁ ဒသမ ၆ သန်းကျော်၊ သေဆုံးသူ ၅ သိန်း ၇ သောင်းကျော် ရှိနေပြီး သူ့နောက်မှာတော့ ဘရာဇီးနိုင်ငံက ကူးစက်ခံရသူ ၁၃ ဒသမ ၁ သန်းကျော်၊ သေဆုံးသူ ၃ သိန်း ၄ သောင်း ကျော်နဲ့ ရှိနေတာ ဖြစ်ပါတယ်။

တတိယနေရာမှာတော့ အိန္ဒိယနိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၃ သန်း ကျော်၊ သေဆုံးသူ ၁ သိန်း ၆ သောင်းကျော်နဲ့ ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ အသီးသီး ရပ်တည် နေပါတယ်။

အဲဒီ ၃ နိုင်ငံနောက်မှာတော့ ပြင်သစ်၊ ရုရှားနဲ့ ယူကေနိုင်ငံတွေက ကူးစက်ခံရသူ ၄ သန်းကျော်စီ၊ အီတလီ၊ တူရကီနဲ့ စပိန်နိုင်ငံတွေက ကူးစက်ခံရသူ ၃ သန်းကျော်စီ၊ ဂျာ မနီ၊ ပိုလန်၊ ကိုလံဘီယာ၊ အာဂျင်တီးနား၊ မက္ကဆီကိုနဲ့ အီရန်နိုင်ငံတွေက ကူးစက်ခံရသူ ၂ သန်းကျော်စီ ရှိနေတာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ယူကရိန်း၊ ပီရူး၊ ချက်သမ္မတနိုင်ငံ၊ တောင်အာဖရိက၊ အင်ဒိုနီး ရှား၊ နယ်သာလန်၊ ချီလီနိုင်ငံတွေနဲ့အတူ ကနေဒါနိုင်ငံမှာလည်း ကိုဗစ်-၁၉ ရောဂါ ကူး စက်ခံရသူ အရေအတွက် ၁ သန်းကျော်လာခဲ့ပြီ ဖြစ်တာမို့ ခုချိန်ထိ ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ဦးရေ ၁ သန်းကျော်လာခဲ့တဲ့ နိုင်ငံပေါင်း ၂၃ နိုင်ငံထိ ရှိလာ ခဲ့ပြီလို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။

ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အ ရေအတွက် ၉ သောင်းကျော်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၆ ယောက်နဲ့ နိုင်ငံအလိုက် အ မှတ်စဉ် ၉၂ နေရာထိ ကျဆင်းသွားခဲ့ပါတယ်။

အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အမြင့် ဆုံး အိန္ဒိယ၊ တူရကီ၊ အီရန်၊ အင်ဒိုနီးရှားနိုင်ငံတွေပြီးရင် အီရတ်က ရောဂါကူးစက်ခံရသူ ၉ သိန်းကျော်၊ အစ္စရေးနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက ၈ သိန်း ကျော်စီ၊ ပါကစ္စတန်က ၇ သိန်း ကျော်၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဂျော်ဒန်နိုင်ငံတွေက ၆ သိန်းကျော်စီနဲ့ အသီးသီး ကူးစက်ခံထား ရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြု လူနာစုစုပေါင်း ၁၄၂,၅၄၉ ယောက်၊ သေဆုံး သူ ၃,၂၀၆ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၃၁,၈၃၄ ယောက်ရှိနေပြီး အာဆီယံနိုင်ငံ တွေထဲမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးမှုအများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။

မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၃ သိန်းခွဲ ကျော်နဲ့ သေဆုံးသူ ၁,၃၀၈ ယောက် ရှိပါတယ်။

စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၆ သောင်းကျော်နဲ့ သေ ဆုံးသူအရေအတွက်အယောက် ၃၀ ရှိနေတာ ဖြစ်ပါတယ်။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၃ သောင်းကျော်နဲ့ သေဆုံးသူ ၉၅ ယောက် ရှိနေပါ တယ်။

ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂,၆၆၈ ယောက်နဲ့ သေဆုံးသူအရေအတွက် ခုရက်ပိုင်းမှာ တိုးမလာဘဲ ၃၅ ယောက် ရှိနေပြီး ဘရူ နိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂၁၆ ယောက်နဲ့ သေ ဆုံးသူ ၃ ယောက် ရှိနေတာပါ။

ကမ္ဘောဒီးယားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၃,၀၂၈ ယောက်နဲ့ သေဆုံးသူ ၂၄ ယောက်ရှိလာခဲ့ပြီဖြစ်ပြီး လာအိုနိုင်ငံမှာတော့ ရောဂါ ကူးစက်ခံရသူ ၄၉ ယောက် ရှိနေပေမယ့် သေဆုံးလူနာ ခုချိန်ထိ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013