DVB Logo
Home
မြန်မာသတင်း
Wave Moneyက သုံးစွဲသူအချို့ထံ (စာတို) မှားယွင်းပေးပို့မိခဲ့သဖြင့် တောင်းပန်
DVB
·
April 7, 2021
Wave Moneyက သုံးစွဲသူအချို့ထံ (စာတို) မှားယွင်းပေးပို့မိခဲ့သဖြင့် တောင်းပန်
Donate to DVB

ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်တဲ့ Wave Money က သုံးစွဲသူတချို့ကို အကောင့်ဆိုင်းငံ့ ခံရမည်ဖြစ်ကြောင်း (စာတို) မှားယွင်းပေးပို့ခဲ့မိလို့ ဧပြီ ၆ ရက် ညနေပိုင်းက ပြန်လည်တောင်းပန်ထားပါတယ်။ 

မှားယွင်းပေးပို့ခဲ့တဲ့ အဆိုပါ SMS (စာတို) ကို လျစ်လျူရှုပေးဖို့ နဲ့  ဒီလိုမှားယွင်းပေးပို့မှုကြောင့် သုံးစွဲသူတွေမှာ ဖြစ်သွားခဲ့ရတဲ့ အဆင်မပြေမှုတွေ အတွက် တောင်းပန်ကြောင်း   Wave Money ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်က တဆင့်ပြောဆိုထားတာပါ။

Wave Money အနေနဲ့ ဝန်ဆောင်မှုတွေကို  ပုံမှန်အတိုင်းဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး သုံးစွဲသူတွေရဲ့ WavePay Account ထဲက ငွေကြေးတွေ ကလည်း လုံခြုံစွာနဲ့ရှိနေမှာဖြစ်ကြောင်းကို အများပြည်သူကို  အသိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013