ပြည်မြို့က CJ အလွတ်သတင်းထောက် ၁ ဦးဖမ်းဆီးခံရ
DVB
·
April 6, 2021
ပဲခူးတိုင်း၊ ပြည်မြို့က အလွတ်သတင်းထောက် (CJ) ကိုလပြည့်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ ပြည်မြို့ခံ ၁ ဦးထံက သိရပါတယ်။
ပြည်မြို့ တရုတ်တန်းလမ်းက သူ့မိခင်နေအိမ်မှာ ဧပြီ ၅ ရက်နေ့ မနေ့ညနေ ၅ နာရီခွဲလောက်မှာ ရဲက ဖမ်းသွားတာလို့ဆိုပါတယ်။
ကိုလပြည့်ဟာ သတင်းဌာန လက်ကိုင်မရှိဘဲ Citizen Journalist တစ်ဦးအဖြစ် ရပ်တည်နေတာ ဖြစ်ပြီး ဘာကြောင့် သူ့ကိုဖမ်းဆီးသွားလဲဆိုတာကိုတော့ မသိရသေးပါဘူး။