DVB Logo
Home
မြန်မာသတင်း
CDM မပါသည့် သူနာပြုတက္ကသိုလ်ရန်ကုန် ပါချုပ်အပါအဝင် ဆရာမ ၂၅ ဦး စာရင်းထုတ်ပြန်
DVB
·
April 3, 2021
CDM မပါသည့် သူနာပြုတက္ကသိုလ်ရန်ကုန် ပါချုပ်အပါအဝင် ဆရာမ ၂၅ ဦး စာရင်းထုတ်ပြန်
Donate to DVB

စစ်တပ်ရဲ့ အာဏာသိမ်းလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ ဆေးလောကသား တွေ စတင်ခဲ့တဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement) မှာ မပါဝင်တဲ့ သူနာပြုတက္ကသိုလ်ရန်ကုန် ပါမောက္ခချုပ်အပါအဝင် သင်ကြားရေးဆရာမ ၂၅ယောက် ရဲ့ စာရင်းကို သူနာပြုတက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ထုတ်ပြန်လိုက်ပါတယ်။

ဒီထုတ်ပြန်ချက်ထဲမှာတော့ သုနာပြုတက္ကသိုလ်ရန်ကုန် ပါမောက္ခချုပ် ဒေါက်တာ တင်တင်ကျော်၊ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ မြင့်မြင့်နွယ်၊ ပါမောက္ခ(ဌာနမှူး) ဒေါက်တာ ဝေဝေဦးတို့အပါအဝင် ကထိက၊ လက်ထောက်ကတိက၊ နည်းပြ၊ ဒုနည်းပြ စတဲ့ ရာ ထူးအဆင့်တွေနဲ့တကွ ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီစာရင်းထဲမှာ ပါဝင်နေတဲ့ စစ်အုပ်စုနောက်လိုက် လောက်ကောင်တွေဟာ သူနာပြုတက္ကသိုလ်ရန်ကုန်နဲ့ ဒီကနေ့မှစ ဘယ်လိုအကြောင်းနဲ့မှ မသက်ဆိုင်တော့ကြောင်းနဲ့ လက်ရှိပြည်သူတရပ်လုံး ရင်ဆိုင်နေကြရတဲ့ နွေဦးတော်လှန်ရေးအောင်မြင်စွာ တော်လှန်တိုက်ထုတ်ပြီးတဲ့အခါ သူတို့ကို ထိထိရောက်ရောက် အရေးယူသွားဖို့ ကျောင်းသားထုက အစွမ်းကုန် ကြိုးစားသွားမယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့  မနက်အစောပိုင်းက နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင်ပိုင်းတချို့ကို စစ်တပ်က ဖမ်းဆီးလိုက်ကာ နိုင်ငံတော်အာဏာသိမ်းယူလိုက်ပြီးနောက် တနေ့မှာပဲ ပြည်သူတွေဟာ ညစဉ်သံပုံးတီးဆန့်ကျင်တာတွေ၊ ဖယောင်းတိုင်မီးထွန်းဆုတောင်းပွဲတွေ၊ လူမဲ့သပိတ်၊ လမ်းမပေါ်က ကားဟွန်းတီးသပိတ် စတဲ့ နည်းလမ်းအမျိုးမျိုး အသုံးပြုကာ အကြမ်းမဖက်တဲ့နည်းတွေနဲ့ ဆန္ဒပြနေကြတာပါ။

တဆက်တည်းမှာပဲ စစ်တပ်ရဲ့ အာဏာသိမ်းလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေ နဲ့ ဆေးလောကသားတွေက စတင်ကာ  အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement)ကို လုပ်ဆောင်နေကြတာ ဖြစ်ပြီး လက်ရှိမှာတော့ တခြား ကဏ္ဍအသီးသီးက ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်း ပါဝင်လှုပ်ရှားနေကြတာပါ။

နောက်ပိုင်းမှာတော့ နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူတွေ မြို့ရွာအနှံ့ ပါဝင်နေခဲ့ကြပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေနဲ့ ကျဆုံးမှုတွေ၊ ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုခံရတာတွေနဲ့အတူ အခြေအနေတွေ ပိုမိုတင်းမာလာနေခဲ့တာ ဖြစ်ပါတယ်။

ပြည်သူတရပ်လုံးက လက်မခံပဲ ဝိုင်းဝန်းဆန့်ကျင်ခဲ့ကြတဲ့ စစ်အာဏာရှင်ဆန့်ကျင် နွေဦးတော်လှန်ရေး ကာလဟာ ၂ လကျော်ရှိခဲ့ပြီဖြစ်ကာ လက်ရှိအချိန်ထိ ကျဆုံးသူပေါင်း ၅၅၀ ထိ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013