DVB Logo
Home
မြန်မာသတင်း
RCSS/SSA ကို မြန်မာစစ်ကောင်စီတပ်က တိုက်ခိုက်တော့မည်ဟု ထိုင်းနယ်ခြားကော်မတီပြော
DVB
·
April 1, 2021
RCSS/SSA ကို မြန်မာစစ်ကောင်စီတပ်က တိုက်ခိုက်တော့မည်ဟု ထိုင်းနယ်ခြားကော်မတီပြော
Donate to DVB

ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာရှိတဲ့ RCSS/SSA ရှမ်းပြည်တပ်မတော် စစ်စခန်းအားလုံးကို မြန်မာစစ်တပ်ကခြေမှုန်းတော့မယ်လို့  ထိုင်း-မြန်မာနယ်ခြားကော်မတီ TBC ရဲ့အပြောကို ကိုးကားပြီး မန်နေဂျာအွန်လိုင်းထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

RCSS/SSA ရှမ်းပြည်တပ်မတော်ဟာ မြန်မာစစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့အပြင် ဆန္ဒပြ ပြည်သူတွေ ဘက်ကရပ်တည်ကာ ဆန္ဒပြသူတွေကိုလည်း အကာအကွယ်ပေးမယ်လို့ ထုတ်ပြန်ပြောဆိုခဲ့ ကြောင်း၊ RCSS/SSA ဟာ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားပြီး အခုလို ဆန့်ကျင်ကန့်ကွက်တာဟာ နိုင်ငံတော်တည်ငြိမ်ရေးကို ထိပါး စေတဲ့အတွက် ထိုင်း-မြန်မာနယ်စပ်ရှိ RCSS/SSA စစ်စခန်းတွေကို ခြေမှုန်းရမယ်လို့    ထိုင်းမြန်မာနယ်ခြားကော်မတီ TBC (မြန်မာ)ဘက်ကနေ  ထိုင်းမြန်မာနယ်ခြား ကော်မတီ TBC (ထိုင်း) ဘက်ကို မတ်လ ၃၀ ရက်နေ့က စာပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။ 

RCSS/SSA ရှမ်းပြည်တပ်မတော် စစ်စခန်းတွေဟာ ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ်ဖာ့လုန်မြို့နယ် ထိုတ်ထိုင်းရွာနဲ့ မျက်နှာချင်းဆိုင် လွိုင်ကော်ဝမ်းမှာလည်းကောင်း၊ ချင်းမိုင်ခရိုင် ဖန်မြို့နယ် မျက်နှာချင်းဆိုင် လွိုင်ဆန်စုမှာလည်းကောင်း၊ မယ်ဟောင်ဆောင်ခရိုင်တဘက်ကမ်း လွိုင်တိုင်းလျန်းမှာရှိသလို အခြားစစ်စခန်းငယ်တွေပါရှိသေးကြောင်း၊ ဒါတွေကို ခြေမှုန်းရာမှာ ထိုင်းမြန်မာနှစ်နိုင်ငံချစ်ကြည်ရေးမထိခိုက်စေဖို့ လက်နက်ကျည်တွေ ထိုင်းဘက်ခြမ်းမှာ မကျရော က်စေဖို့ ထိန်းသိမ်းပစ်ခတ်သွားမယ်လို့ ဆိုပါတယ်။

RCSS/SSA စစ်စခန်းတွေ တိုက်ခိုက်ဖို့ ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်မှာရော ရွှေတြိဂံတိုင်းဒေသ ကျိုင်းတုံမှာပါ တိုက်လေယာဉ် ၂ စီးပို့ဆောင်ထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ 

မြန်မာ့တပ်မတော်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော် ၃၀ နီးပါးကလည်း ထိုင်း-မြန်မာ နယ်စပ်ရှိ ရှမ်းပြည်တပ်မတော်စစ်စခန်းတွေကို ခြေမှုန်းဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ကြောင်း၊ ဒါကြောင့် ယူဒဗလျူအက်စ်အေ ဝ တပ်ဖွဲ့ကို အထူးဒေသ ၂ အဖြစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးပြီး မြောက်ပိုင်း ဝ တပ်ဖွဲ့အချို့ကို တောင်ပိုင်းသို့ ပြောင်းရွှေ့ကာ နယ်မြေစိုးမိုးစေခဲ့တယ်လို့ ဆိုပါတယ်။ 

အရပ်သားအစိုးရတက်လာပြီးတဲ့နောက် ရှမ်းပြည်တပ်မတော်နဲ့ နိုင်ငံရေးဆွေးနွေးတဲ့နည်းနဲ့ အဖြေရှာဖို့ကြိုးစားခဲ့တာကြောင့် တိုက်ပွဲရှိန်လျော့နည်းသွားပြီး အခုလို တပ်မတော်က အာဏာသိမ်း လာတော့ တကြော့ပြန်ချေမှုနန်းဖို့  ကြိုးစားလာတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ဒီကိစ္စနဲ့ ပတ်သက်ပြီး   RCSS/SSA  ဒေသ (၁) ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ကွဏ်းစင့်က တော့ လာတိုက်ရင်းလည်း မိမိကိုယ်မိမိကာကွယ်ရမှာဖြစ်ကြောင်း၊ စစ်သည်ဆိုတာ စစ်ရေး အတွက်အမြဲပြင်ဆင်နေရတာဘဲလို့  ဒီဗွီဘီကို ပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013