DVB Logo
Home
မြန်မာသတင်း
ယနေ့ည ၁၂ နာရီ CDM တံခါးပိတ်၊ ဧပြီပထမပတ်တွင်း ညီညွတ်သောပြည်သူ့အစိုးရ ပေါ်လာမည်ဟု ထုတ်ပြန်
DVB
·
March 31, 2021
ယနေ့ည ၁၂ နာရီ CDM တံခါးပိတ်၊ ဧပြီပထမပတ်တွင်း ညီညွတ်သောပြည်သူ့အစိုးရ ပေါ်လာမည်ဟု ထုတ်ပြန်
Donate to DVB

ဒီကနေ့ည ၁၂ နာရီတိတိမှာ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တံခါးပိတ်ပြီဖြစ်ကာ လာမယ့် ဧပြီလ ပထမပတ်အတွင်း ညီညွတ်သော ပြည်သူ့ အစိုးရပေါ်လာမှာဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ထုတ်ပြန်ပါတယ်။

သမ္မတရုံးဝန်ကြီးဌာန ခေတ္တပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်ရဲ့အမိန့်နဲ့ ထုတ် ပြန်ကြေညာချက်မှာတော့ အချက် ၇ ချက် ထည့်သွင်းကြေညာထားပါတယ်။

CDM (Civil Disobedience Movement) ဟာ စစ်အာဏာရှင်ဖြုတ်ချရေးမှာ အထူး ပင်ထိရောက်တဲ့ လက်နက်တခုအဖြစ် အောင်မြင်လျက်ရှိကြောင်း၊ ဒီကနေ့ မတ် ၃၁ ရက် ည ၁၂ နာရီ အချိန်ဟာ CDM ပြုလုပ်မယ့်သူတွေ CDM ပြုလုပ်နိုင်ဖို့ နောက်ဆုံး သတ်မှတ်ထားတဲ့ အချိန် ဖြစ်ကြောင်းနဲ့ ဧပြီပထမပတ်အတွင်း ညီညွတ်သော ပြည်သူ့အစိုးရ ပေါ်ပေါက်လာမှာ ဖြစ်ကြောင်း ကနဦး ဖော်ပြထားတာပါ။

CDM အနေနဲ့ သတ်မှတ်ရာမှာ စစ်အာဏာရှင်ရဲ့အောက်မှာ အလုပ်မလုပ်လိုတဲ့အတွက် အလုပ်ထွက်လာသူ၊ နုတ်ထွက်စာတင်ပြီး အလုပ်ဆက်မလုပ်သူတွေကိုလည်း CDM အဖြစ် သတ်မှတ်မယ်လို့ ဆိုပါတယ်။

ပြည်သူ့အစိုးရ ပေါ်ပေါက်လာချိန်မှာတော့ စစ်အာဏာရှင်နဲ့ ဆက်လက်ပူးပေါင်းနေသူတွေ၊ စစ်အာဏာရှင်ရဲ့ အစေခံတွေ၊ CDM မပြုလုပ်သူတွေကို ပြည်သူ့အစိုးရကို ဆန့်ကျင်ပုန်ကန်သူတွေအဖြစ် မှတ်ယူမယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြပါတယ်။

CDM မပြုလုပ်တွေ၊ စစ်အာဏာရှင်ရဲ့ လက်ပါးစေတွေ၊ စစ်အာဏာရှင်ရဲ့ လက် ကိုင်တုတ်တွေ၊ စစ်အာဏာရှင်နဲ့ ပူးပေါင်းသူတွေကို ပြည်သူ့အစိုးရ သက်ဆိုင်ရာဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေက ပြင်းထန်စွာ အရေးယူသွားမှာဖြစ်ကြောင်းနဲ့  ဒေသဆိုင်ရာ CDM အောင်မြင်ရေးအဖွဲ့အနေနဲ့ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွား မှာဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013