DVB Logo
Home
မြန်မာသတင်း
CDM ဝန်ထမ်းများကို အပြည့်အဝတာဝန်ယူမည်ဟု ကေအန်ယူ‌ ပြော
DVB
·
March 31, 2021
CDM ဝန်ထမ်းများကို အပြည့်အဝတာဝန်ယူမည်ဟု ကေအန်ယူ‌ ပြော
1 / 4
Donate to DVB

စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်တဲ့  ဝန်ထမ်းတွေကို အပြည့်အဝတာဝန်ယူပေးသွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၆ တာဝန်ရှိသူက ပြောပါတယ်။

မတ်လ ၃၀ ရက်နေ့က ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး ဝင်းရော်ဒေသမှာပြုလုပ်တဲ့ CDM ဝန်ထမ်းတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ပြောဆိုလိုက်တာပါ။

အကြမ်းဖက်စစ်အုပ်စုရဲ့ မည့်သည့် ယန္တရားကိုမဆို ခွင့်ပြုသွားမှာမဟုတ်သလို အပြည့်အဝ တာဝန်ယူကာကွယ်ပေးသွားမှာဖြစ်လို့ CDM မှာ ရဲရဲဝံ့ဝံ့ပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်လာတဲ့ ဝန်ထမ်းတွေက စစ်အာဏာရှင် အလိုမရှိကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီ ရရှိလိုကြောင်း၊ CDM ကို အဆုံးထိ ပါဝင်သွားမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါတယ်။

တွေ့ဆုံဆွေးနွေးပွဲကို ကရင်ပြည်နယ်အတွင်းက စစ်အာဏာရှင်ဆန့်ကျင်တဲ့ CDM ဝန်ထမ်း ၃၀၀ နီးပါး တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013