ဝေးလ်စ်အသင်းဟာ နေးရှင်းလိဂ်ပွဲမှာ ဒိန်းမတ်ကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒိန်းမတ်အတွက် အနိုင်ဂိုးကို ဒုတိယပိုင်းမှာ ဟွိုင်လန်းက ပင်နယ်တီကနေ သွင်းယူခဲ့တာ ဖြစ်ပါတယ်။
၁၀ ရက်အတွင်း ၄ ပွဲအထိ ကစားရတဲ့ ပွဲစဉ်ဇယားသစ်မှာ ဝေးလ်စ်အသင်းဟာ ၄ ပွဲမှာ ၃ ပွဲအထိ ရှုံးနိမ့်ခဲ့ရပါတယ်။
အခုလို ရှုံးခဲ့ပေမဲ့ ဝေးလ်စ်အသင်းဟာ အုပ်စု အဆင့် ၃ နေရာမှာ ဆက်လက်ရပ်တည်နေတာ ဖြစ်ပါတယ်။
ဝေးလ်စ်နည်းပြ ဘယ်လာမီကတော့ ဒီပွဲစဉ်ဇယားသစ်ဟာ ထိပ်တန်းအသင်းကြီးတွေအတွက်သာ အကျိုးရှိတာပါလို့ ဆိုပါတယ်။
ဒဏ်ရာရကစားသမား များပြားနေတဲ့ မိမိတို့အသင်းအတွက် အခက်အခဲ ရင်ဆိုင်ရကြောင်းလည်း ထောက်ပြခဲ့တာပါ။
ကစားသမားတွေရဲ့ ကြံ့ခိုင်မှုပိုင်း ထိခိုက်ခဲ့ရတာကြောင့် ပွဲစဉ်ဇယားသစ်ကို မနှစ်သက်ကြောင်း နည်းပြ ဘယ်လာမီက ပြောကြားသွားပါတယ်။










