DVB Logo
Home
မြန်မာသတင်း
မတ် ၃၀ ရက် အမှိုက်သပိတ်တွင် ပါဝင်ရန် Clean Yangon အဖွဲ့ နှိုးဆော်
DVB
·
March 29, 2021
မတ် ၃၀ ရက် အမှိုက်သပိတ်တွင် ပါဝင်ရန် Clean Yangon အဖွဲ့ နှိုးဆော်
Donate to DVB

စစ်အာဏာရှင် အလိုမရှိကြောင်း မြန်မာပြည်သူတွေက နည်းလမ်းမျိုးစုံနဲ့ ဆန့် ကျင်ဆန္ဒပြပွဲတွေ ပြုလုပ်နေကြပြီး ခုတခါမှာလည်း “အမှိုက်သပိတ်”မှာ ပါဝင်ကြဖို့ Clean Yangon အဖွဲ့က နှိုးဆော်ထားပါတယ်။

မတ် ၃၀ ရက်နေ့မှာ ပြုလုပ်မယ့် “အမှိုက်သပိတ်”မှာတော့ အိမ်ရှင်တွေအပါအဝင် လူတန်းစားမျိုးစုံက စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း၊ အလိုမရှိကြောင်းကို လွှင့်ပစ်ရ မယ့် အမှိုက်တွေနဲ့ တက်တက်ကြွကြွ ပါဝင်နိုင်ကြမှာ ဖြစ်ပါတယ်။

အာဏာလုစစ်ကောင်စီရဲ့ ယန္တရားပျက်ယွင်းစေဖို့ နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင် တွန်းလှန်ကြတဲ့ နေရာမှာ မိမိတို့အိမ်က ပစ္စည်းအဟောင်းတွေ၊ ထွက်ရှိသမျှ မီးဖိုချောင် အမှိုက်အပါအဝင် အမှိုက်မျိုးစုံကို အိတ်နဲ့ ထည့်ပြီး မီးပွိုင့်လမ်းဆုံနဲ့ ကားလမ်းမတွေမှာ သွားချထားပေးရမှာ ဖြစ်ပါတယ်။

မနက်အစောပိုင်း စောနိုင်သမျှ ခပ်စောစော လူနေအိမ်တွေနဲ့ အလှမ်းဝေးဝေးမှာ ပစ်ကြရမယ့် ဒီအမှိုက်သပိတ်မှာ တအိမ်တယောက် အမှိုက်တထုပ်သာပါဝင်ပေးရင် စစ် အုပ်စုလိုလားတဲ့ ပုံမှန်အခြေအနေအတိုင်း သွားလာနေကြပါတယ်ဆိုတာမျိုးကို အနည်း နဲ့အများ ထိခိုက်စေမှာလို့ ဆိုပါတယ်။

          Clean Yangon အဖွဲ့ကတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ အတူ ရန်ကုန်မြို့တော် သာယာလှပရေးနဲ့ သန့်ရှင်းရေးအတွက် စွန့်ပစ်အမှိုက် အသိပ ညာပေးရေး လှုပ်ရှားမှုတွေနဲ့ ထင်ရှားပြီး ကိုဗစ်-၁၉ ကပ်ဘေးကာလ ကူညီကယ်ဆယ် ရေး လုပ်ငန်းတွေမှာလည်း တစိုက်မတ်မတ် လှုပ်ရှားခဲ့တဲ့ အဖွဲ့တဖွဲ့ ဖြစ်ပါတယ်။    

          မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့  မနက်အစောပိုင်းက နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင် ပိုင်းတချို့ကို စစ်တပ်ကဖမ်းဆီးလိုက်ကာ နိုင်ငံတော်အာဏာသိမ်းယူလိုက်ပြီးနောက် တနေ့မှာပဲ ပြည်သူတွေဟာ ညစဉ်သံပုံးတီးဆန့်ကျင်တာတွေ၊ ဖယောင်းတိုင်မီးထွန်းဆု တောင်းပွဲတွေ၊ လူမဲ့သပိတ်၊ လမ်းမပေါ်က ကားဟွန်းတီးသပိတ်စတဲ့ နည်းလမ်းအမျိုးမျိုး အသုံးပြုကာ အကြမ်းမဖက်တဲ့နည်းတွေနဲ့ ဆန္ဒပြနေကြတာပါ။

တဆက်တည်းမှာပဲ စစ်တပ်ရဲ့ အာဏာသိမ်းလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေ နဲ့ ဆေးလောကသားတွေက စတင်ကာ  အာဏာဖီဆန်ရေးလှုပ်ရှားမှု(Civil Disobedience Movement)ကို လုပ်ဆောင်နေကြတာ ဖြစ်ပြီး လက်ရှိမှာတော့ တခြား ကဏ္ဍအသီးသီးက ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်း ပါဝင်လှုပ်ရှားနေကြတာပါ။

နောက်ပိုင်းမှာတော့ နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူတွေ မြို့ရွာအနှံ့ ပါဝင်နေခဲ့ကြပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေနဲ့ ကျဆုံးမှုတွေ၊ ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုခံရတာတွေနဲ့အတူ အခြေအနေတွေ ပိုမိုတင်းမာလာနေခဲ့တာ ဖြစ်ပါတယ်။

ပြည်သူတရပ်လုံးက လက်မခံပဲ ဝိုင်းဝန်းဆန့်ကျင်ခဲ့ကြတဲ့ စစ်အာဏာရှင်ဆန့်ကျင် နွေဦးတော်လှန်ရေး ကာလဟာ ရက်ပေါင်း ၅၇ ရက်တာ ရှိလာခဲ့ပြီဖြစ်ပြီး မတ် ၂၈ ရက် နေ့အထိ ကျဆုံးသူပေါင်း ၄၀၀ ကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013