DVB Logo
Home
မြန်မာသတင်း
မန္တလေး အခြေခံပညာအဆင့် ဝန်ထမ်းများကို ရုံးပြန်တက်ရန် နှုတ်မိန့်ဖြင့် ဖိအားပေးခိုင်းစေ
DVB
·
March 26, 2021
မန္တလေး အခြေခံပညာအဆင့် ဝန်ထမ်းများကို ရုံးပြန်တက်ရန် နှုတ်မိန့်ဖြင့် ဖိအားပေးခိုင်းစေ
1 / 3
Donate to DVB

မန္တလေးက အခြေခံပညာ အဆင့် ပညာရေးဝန်ထမ်း ထက်/လယ်/မူ ဆရာ ဆရာမတွေအနေနဲ့ ကျောင်းဝတ်စုံမဝတ်ဘဲ မိမိတို့ အဆင်ပြေရာ ဝတ်စုံနဲ့ စနစ်သစ်သင်ရိုးမွမ်းမံသင်တန်းများကို လာရောက် တက်ကြဖို့နဲ့ ရုံးဝန်ထမ်းများ ရုံးပြန်တက်ဖို့ နှုတ်မိန့်နဲ့ ဖိအားပေးခိုင်းစေနေနေတယ်လို့ ပညာရေးဝန်ထမ်းတွေဆီက သိရပါတယ်။

ဒါ့အပြင် ဆရာ ဆရာမတွေအနေနဲ့ CDM လုပ်ဆောင်ခြင်း ရှိ မရှိ မြို့နယ်ပညာရေးမှူးရုံးရဲ့ ညွှန်ကြားချက်နဲ့ ကျောင်းအုပ်တွေကနေတဆင့် မေးမြန်းစုံစမ်းတာတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာ ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့ကစပြီး ၃ ရက်ကြာ ဖွင့်လှစ်ခဲ့တဲ့ အခြေခံပညာအဆင့် မူလတန်းကျောင်းအုပ်များ စွမ်းရည်မြှင့်သင်တန်း တက်ရောက်ခဲ့တဲ့ ကျောင်းအုပ်တွေ အများအပြားရှိခဲ့တယ်လို့လည်း သိရပါတယ်။

ချမ်းအေးသာစံမြို့နယ်မှာ မူလွန်ကျောင်းတွေ အပါအဝင် အမကကျောင်း ၃၃ ကျောင်းရှိပြီး ကျောင်းအုပ်ကြီးများ စွမ်းရည်မြှင့်သင်တန်း တက်ရောက်သူ ၁၃ ဦး၊ လုံးဝ မတက်သူ အမကကျောင်းအုပ်ကြီး ၁၁ ဦး၊ ဆေးကုသဖိုနဲ့ ကျန်းမာရေးကိစ္စ အကြောင်းပြချက်ပေးပြီး သင်တန်းလည်း မတက်၊ သင်တန်း မတက်ကြောင်းလည်း ဝန်မခံတဲ့ ကျောင်းအုပ်ကြီး ၃ ဦးရှိကာ၊ ကျန်ကျောင်းတွေကတော့ သက်ပြည့်ပင်စင် နဲ့ ကျောင်းအုပ်လစ်လပ်မှုကြောင့် ပျက်ကွက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

မဟာအောင်မြေမြို့နယ်မှာတော့ အမကကျောင်း ၃၀ ရှိပြီး သင်တန်းတက်သူ ၈ ဦး ရှိခဲ့ကာ သင်တန်းမတက်သူ ကျောင်းအုပ် ၂၀ ဦးရှိတယ်လို့ သိရပါတယ်။ အမကကျောင်း ၂ ကျောင်းကတော့ ကျောင်းအုပ်လစ်လပ်နေတယ်လို့ သိရပါတယ်။ 

ချမ်းမြသာစည်မြို့နယ်မှာတော့ မူလတန်းအဆင့် ကျောင်းအုပ်ကြီးများ စွမ်းရည်မြှင့် သင်တန်း တက်ရောက်သူ ကျောင်းအုပ် အများအပြားရှိတယ်လို့ သိရပါတယ်။

မန္တလေးမြို့က အခြေခံ ပညာအဆင့် သင်ကြားရေး ဆရာ ဆရာမ အများအပြားကတော့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှုတွေနဲ့ CDM လှုပ်ရှားမှုတွေကို ဆက်လက် လုပ်ဆောင်နေကြဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013