
မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ မေဆင်မောင့်ဟာ လိဒ်စ်အသင်းနဲ့ ကစားမဲ့ ရာသီကြို ခြေစမ်းပွဲကို လွဲချော်ဖို့ ရှိပါတယ်။
မောင့်ဟာ ယူနိုက်တက်ရဲ့ ပထမဆုံး ရာသီကြို ၃ ပွဲမှာ ခြေစွမ်းပြ ကစားခဲ့တာပါ။ ဒါပေမဲ့ စနေနေ့က ပီအက်စ်ဂျီနဲ့ပွဲမှာ ခြေထောက်ကို ကန်ခံခဲ့ရတာကြောင့် ဒဏ်ရာရသွားပြီး ဒီဒဏ်ရာကြောင့် လာမဲ့ ဗုဒ္ဓဟူးနေ့ပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။
မေဆင်မောင့်ဟာ ပီအက်စ်ဂျီနဲ့ပွဲရဲ့ မိနစ် ၂၀ လောက်မှာ တိုင်လာဖလက်ချာနဲ့ လူစားလဲခဲ့ရတာပါ။ နည်းပြချုပ် မိုက်ကယ်ကားရစ်ကတော့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ လူစားလဲခဲ့တာလို့ ပြောပါတယ်။
ပွဲအပြီးမှာ လွတ်လွတ်လပ်လပ် လမ်းလျှောက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနောက်ပိုင်း လေ့ကျင့်ခန်း မဆင်းနိုင်သေးတာကြောင့် လိဒ်စ်နဲ့ပွဲ ပါဝင်ဖို့ မဖြစ်နိုင်တာပါ။ အေစီမီလန်နဲ့ နောက်ဆုံး ရာသီကြိုပွဲမှာ ပါဝင်နိုင်မလားဆိုတာတော့ မသိရသေးပါဘူး။










