DVB Logo
Home
မြန်မာသတင်း
သာစည်တွင် CDM မလုပ်ဘဲ ရုံးခိုးတက်နေသည့် ပညာရေးဝန်ထမ်းအချို့အား သံချပ်များဖြင့် နိုးဆော် ဆန္ဒပြ
DVB
·
March 22, 2021
သာစည်တွင် CDM မလုပ်ဘဲ ရုံးခိုးတက်နေသည့် ပညာရေးဝန်ထမ်းအချို့အား သံချပ်များဖြင့် နိုးဆော် ဆန္ဒပြ
1 / 5
Donate to DVB

    မန္တလေးတိုင်း သာစည်မြို့မှာ မတ်လ ၂၂ ရက်မနက်က CDM မလုပ်ပဲ ရုံးခိုးတက်နေတဲ့ ပညာရေးဝန်ထမ်းအချို့အား မြို့နယ်ပညာရေးမှူးရုံးရှေ့မှာ အင်အား ၁၅၀၀ လောက်က သံချပ်တွေနဲ့ ဟစ်အော်နိုးဆော်ပြီး ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။

"စစ်အာဏာရှင်ပြုတ်ကျဖို့က ဝန်ထမ်းတွေက အဓိကပါ။ အခုအခြေအနေက စစ်အာဏာရှင်တွေ ဘာမှလုပ်မရတော့ဘူး။ အဆုံးသတ်တိုက်ပွဲ ရောက်နေပါပြီ။ ရုံးခိုးမတက်စေချင်ဘူး၊ အသက်ပေးနေတဲ့လူငယ်တွေကို အားနာပေးပါ။ စစ်အာဏာရှင်က အခုတောင် လူမဆန်တဲ့လုပ်ရပ်တွေနဲ့ ရက်ရက်စက်စက်နှိပ်ကွပ်နေတာ နောက်ဒီထက်ပိုဆိုးမယ် ဆိုတာ သိထားရမယ်" လို့ ဆန္ဒပြသူတဦးက DVB ကို ပြောပါတယ်။

သာစည်မှာ မတ်လ ၉ ရက်နေ့ ဆန္ဒပြပွဲကို အကြမ်းဖက်စစ်အုပ်စုက သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသားတစ်ဦး ရင်ဘတ်မှာ ကျည်ဆန်မှန်ပြီး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အဲဒီအခြေအနေတွေကို မကြောက်မရွံ့ဘဲ ဆက်ဘက်ဆန္ဒပြလာတာ ၄၃ ရက်မြောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013