DVB Logo
Home
နိုင်ငံတကာ
ပီရူး ရွေးကောက်ပွဲ မဲလိမ်လည်မှု ဇာတ်လမ်းထွင်မှုကို သမ္မတလောင်း ရှုတ်ချ
DVB
·
April 15, 2026
Photo: REUTERS/Angela Ponce
Photo: REUTERS/Angela Ponce
Donate to DVB

ပီရူးသမ္မတလောင်း ရောဘတ်တိုဆန်းချက်ဇ်က ရွေးကောက်ပွဲမှာ မဲလိမ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဧပြီ ၁၄ ရက်မှာ ပယ်ချလိုက်ပါတယ်။

ပီရူးတောင်ပိုင်းမှာ မဲလိမ်ဖို့ ပြင်ဆင်နေတယ်လို့ သူ့ပြိုင်ဘက်ဖြစ်သူ ရာဖှဲလ်လိုပက်ဇ် အာလီယာဂါက တာဝန်မဲ့ ပြောဆိုခဲ့တာကိုလည်း သမ္မတ ဆန်းချက်ဇ်က သတင်းစာရှင်းလင်းပွဲ လုပ်ပြီး တုံ့ပြန်ခဲ့ပါတယ်။

နိုင်ငံရေးခေါင်းဆောင် တယောက်အနေနဲ့ စကားပြောရင် တာဝန်ယူမှုရှိဖို့လိုပြီး၊ တကယ်ပဲ မဲပေးပိုင်ခွင့်တွေ ထိခိုက်နေတယ်ဆိုရင် အထောက်အထားခိုင်ခိုင်လုံလုံနဲ့ သက်သေပြဖို့လည်း ဆန်းချက်ဇ်က စိန်ခေါ်လိုက်ပါတယ်။ 

မဲလိမ်တယ်၊ ပူးပေါင်းကြံစည်တယ်ဆိုတဲ့ ကောလာဟလတွေနဲ့ ဆန္ဒပြဖို့ လှုံ့ဆော်တာတွေကိုလည်း ဆန်းချက်ဇ်က သတိပေးခဲ့ပြီး၊ အရာအားလုံးကို သက်သေနဲ့ပဲ စကားပြောမယ်လို့ ဆိုပါတယ်။

ဆန်းချက်ဇ်က “မဲရလဒ်ကို မယုံကြည်ရင် ကန့်ကွက်နိုင်တယ်၊ အယူခံဝင်လို့ရတယ်။ ဒါဟာ တရားဥပဒေစနစ်ပဲ။ အဓိကကတော့ မဲစာရင်းဇယားတွေကို ပြည်သူတွေနဲ့ နိုင်ငံတကာကပါ မြင်သာအောင် ချပြရမယ်” လို့လည်း ပြောပါတယ်။

ဆန်းချက်ဇ်က လက်ဝဲ၊ ဗဟိုနဲ့ လူထုလှုပ်ရှားမှု အဖွဲ့အစည်းအားလုံးကိုလည်း ဖိတ်ခေါ်လိုက်ပြီး မဲမလိမ်ဘဲနဲ့ မဲလိမ်တယ်လို့ ဝါဒဖြန့်နေသူတွေကို ဆန့်ကျင်ပြီးတော့ ဒီမိုကရေစီ အဖွဲ့အစည်းတွေဘက်ကနေ အတူတူ ရပ်တည်ပေးကြဖို့  တိုက်တွန်းခဲ့ပါတယ်။

လက်ရှိမှာလည်း ဖြစ်ပေါ်နေတဲ့ ပေါ့ဆမှုတချို့ကို စုံစမ်းစစ်ဆေးနေပြီး တာဝန်ရှိသူတွေကို ဖော်ထုတ်သွားမယ် ဆိုပါတယ်။

တဖက်မှာလည်း ပီရူးရွေးကောက်ပွဲ မဲရေတွက်မှုဟာ ၃ ရက်မြောက်အထိ ကြာမြင့်နေတာကြောင့် လူတွေက စိတ်မရှည်ဖြစ်နေကြပြီး လွှတ်တော်ကပါ စောင့်ကြည့်စစ်ဆေးတာတွေ၊ မဲလိမ်တယ် ဆိုတဲ့ စွပ်စွဲချက်အသစ်တွေ ထွက်ပေါ်လာနေတာပါ။

တရားဝင်ထုတ်ပြန်ထားတဲ့ မဲ ၈၀  ရာခိုင်နှုန်းလောက် ရေတွက်ပြီးစီးမှုအရ လက်ယာနွယ်ဖွား ကေးအိကို ဖူဂျီမိုရီ  က ၁၆ ဒသမ ၈  ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးက ပြေးနေပါတယ်။

ဒါပေမဲ့ ဒုတိယအကျော့ သမ္မတရွေးကောက်ပွဲမှာ ဖူဂျီမိုရီနဲ့ ဘယ်သူ ပြိုင်ရမလဲဆိုတာကတော့ အခုထိ အဖြေမထွက်သေးပါဘူး။ ဆန်းချက်ဇ်ကတော့ ဒုတိယအကျော့ကို တက်လှမ်းနိုင်ဖို့အတွက် ခိုင်လုံတဲ့ အချက်အလက်တွေ ရှိထားတာကြောင့် စိတ်အေးအေးထားတယ်လို့ ပြောကြားခဲ့ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013