DVB Logo
Home
မြန်မာသတင်း
R2P ဝင်ရောက်ရန်အကျုံးဝင်သည့် ရာဇဝတ်မှု ၄ မျိုးစလုံး အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်နေ
DVB
·
March 21, 2021
R2P ဝင်ရောက်ရန်အကျုံးဝင်သည့် ရာဇဝတ်မှု ၄ မျိုးစလုံး အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်နေ
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရပ်တွေဟာ  R2P ဝင်ရောက်ဖို့ သတ်မှတ်ထားတဲ့ အချက် ၄ ချက်စလုံးနဲ့ အကျုံးဝင်နေတာကြောင့် R2P ဝင်ရောက်နိုင်တယ်လို့ ရန်ကုန်တိုင်း မဲဆန္ဒနယ်မြေအမှတ် ၁၁ ရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘမျိုးသိန်းက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေဟာ လူသားမဆန်တဲ့အနေအထား ဖြစ်နေသလို နိုင်ငံတကာရဲ့ အကာအကွယ်ပေးရန်တာဝန်ရှိမှု  R2P အရ ဝင်ရောက်အရေးယူနိုင်တဲ့ သတ်မှတ်ချက် ၄ ခုစလုံးကို ကျူးလွန်နေတာကြောင့် R2Pနဲ့ဝင်ရောက်နိုင်တဲ့အနေအထားရှိပြီး ဘယ်အချိန်ဝင်မလဲဆိုတာကိုတော့ ပြောလို့မရနိုင်သေးဘူးလို့ ပြောပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အာဏာသိမ်းစစ်ကောင်စီကို အစိုးရတရပ်အနေနဲ့ လက်ရှိအချိန်အထိ အသိအမှတ်ပြုတာမရှိသလို သံတမန်ရေးနည်းလမ်း၊ စီးပွားရေးနည်းလမ်းနဲ့ ဖိအားပေးတာရှိ​နေပြီး ပုဂ္ဂိုလ်ရေးပိုင်ဆိုင်မှုအပေါ် ထိန်းသိမ်းတာတွေကြောင့် အများကြီး တိုးတက်မှုရှိတယ်လို့ ပြောပါတယ်။ 

ဒီမိုကရေစီပြန်လည်ရရှိဖို့ကတော့ နိုင်ငံတကာရဲ့လုပ်ဆောင်မှုနဲ့ ဖိအားထက် ပြည်တွင်းက ပြည်သူတွေရဲ့လုပ်ဆောင်မှုအားက ပိုအရေးကြီးတယ်လို့ ဦးဘမျိုးသိန်းက သုံးသပ်ပါတယ်။

R2P ဝင်ရောက်ဖို့ ကုလသမဂ္ဂမှာ ဗီတိုအာဏာရထားတဲ့ တရုတ်နဲ့ရုရှားက ကန့်ကွက်နိုင်ပေမယ့် ဒီအချက်တွေကိုကျော်လွန်ပြီး လုပ်နိုင်မယ့်နည်းလမ်းတွေရှိတယ်လို့လည်း ပြောပါတယ် ။ 

R2Pလိုကြီးမားတဲ့နိုင်ငံတကာဖိအားရှိမှ ဒီမိုကရေစီပြန်လည်ရရှိဖို့ အမြန်ဆုံးလုပ်ဆောင်နိုင်မှာ ဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရပ်တွေအပေါ် သံအမတ်ကြီးဦးကျော်မိုးထွန်း တို့လုပ်ဆောင်နေတဲ့ နိုင်ငံတကာတရားရုံးကို ရောက်ရှိရေးကိစ္စက လည်း အရေးကြီးတဲ့အချက်တခုလို့ ဦးဘမျိုးသိန်းက ပြောပါတယ်။

နိုင်ငံတနိုင်ငံမှာရှိတဲ့ ပြည်သူတွေကို အောက်ပါ ရာဇဝတ်မှု ၄  မျိုး ကျူးလွန်နေတာကနေ မကာကွယ်ပေးနိုင်ရင် R2P နဲ့ အကျုံးဝင်တယ်လို့သတ်မှတ်ထားတာပါ။  ရာဇဝတ်မှု ၄ မျိုးကတော့ လူမျိုးတုံး သတ်ဖြတ်မှု (Genocides)၊  စစ်ရာဇဝတ်မှု (War Crimes)၊ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုနဲ့ လူမျိုးစုတစု လူမျိုးစုပျောက်ကွယ်အောင် သုတ်သင်ရှင်းလင်းတဲ့ ရာဇဝတ်မှု (Ethnic Cleansing) ကျူးလွန်တာတို့ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013