DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးနှိပ်စက်ညှဉ်းပန်းမှု အထောက်အထားများ ပေးပို့ကြရန် ကုလဖွဲ့ပေးထားသည့် IIMM က ထုတ်ပြန်
DVB
·
March 17, 2021
ဖမ်းဆီးနှိပ်စက်ညှဉ်းပန်းမှု အထောက်အထားများ ပေးပို့ကြရန် ကုလဖွဲ့ပေးထားသည့် IIMM က ထုတ်ပြန်
Donate to DVB

မြန်မာနိုင်ငံထဲမှာ ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်တဲ့ အထောက်အထားတွေ ပေးပို့ကြဖို့ ကုလသမဂ္ဂက လုံခြုံရေးကောင်စီက ဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးမှု ယန္တရား(IIMM) က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

IIMM ဟာ တပ်မတော် အာဏာသိမ်းတာနဲ့ ဆက်စပ်ဖြစ်ပွားနေတဲ့ အဖြစ်အပျက်တွေကို အနီးကပ်စောင့်ကြည့်နေပြီး စိတ်ထင်သလို ဖမ်းဆီးထောင်ချတာ၊ နှိပ်စက်ညှဉ်းပန်းတာ၊ အစဖျောက်တာနဲ့ အာဏာသိမ်းတာကို ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို သေစေလောက်တဲ့နည်းတွေ အပါအဝင် အင်အားသုံးဖြိုခွဲတာ စတာတွေနဲ့ သက်ဆိုင်တဲ့ အထောက်အထားတွေကို စုဆောင်းနေတယ်လို့ ဆိုပါတယ်။

ယန္တရားရဲ့ အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က “အလေးနက်ဆုံး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတွေ အတွက် တာဝန်အရှိဆုံးသူတွေဟာ များသောအားဖြင့် ထိပ်သီးအာဏာပိုင်တွေဖြစ်ကြပါတယ်။ သူတို့က ရာဇဝတ်မှုတွေကို တိုက်ရိုက် လက်နဲ့ ကျူးလွန်သူတွေမဟုတ်ကြဘဲ ရာဇဝတ်မှုဖြစ်စဉ်နေရာတွေမှာ လူကိုယ်တိုင်တောင် ပါဝင်ရောက်ရှိနေကြသူတွေ မဟုတ်ပါဘူး။ သူတို့ရဲ့ တာဝန်ဝတ္တရားရှိကြောင်း သက်သေပြဖို့က လက်ခံရရှိခဲ့တဲ့ မှတ်တမ်းတွေ၊ ပေးခဲ့တဲ့ အမိန့်တွေနဲ့ မူဝါဒတွေကို ဘယ်လို ပြဌာန်းခဲ့သလဲဆိုတဲ့ အထောက်အထားတွေ လိုပါတယ်။ ဒါမျိုးတွေက များသောအားဖြင့် အနစ်နာခံရသူတွေမှ ပေးပို့နိုင်တဲ့ အထောက်အထားတွေ မဟုတ်တဲ့အတွက် တရားမဝင်အမိန့်တွေနဲ့ မူဝါဒတွေကို လက်ခံရရှိခဲ့သူတွေ၊ သိတဲ့သူတွေက အမှန်တရားကို ဖော်ထုတ်ပြောဆိုဖို့ လိုပါတယ်။ ဒီလိုအချက်အလက် အကြောင်းအရာတွေကို သိရှိသူတွေက ယန္တရားသို့ ဆက်သွယ်ပေးပါရန် ကျနော်ကိုယ်တိုင် အားပေးလိုပါတယ်။” လို့ ပြောပါတယ်။

ယန္တရားကို အချက်အလက်ပေးပို့သူတွေအနေနဲ့ လုံလုံခြုံခြုံဆောင်ရွက်ဖို့နဲ့ သတိဝီရိယ ကြီးကြီးထားလုပ်ဖို့ သူတို့က သတိပေးပါတယ်။

ဆစ်ဂနယ်‌ (Signal) ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂၀၈ ကို မက်ဆေ့ခ်ျပို့တာဖြစ်ဖြစ်၊ ပရိုတွန်မေး (Protonmail) [email protected] ကို အီးမေးပို့ပြီးဖြစ်ဖြစ် ဆက်သွယ်နိုင်တယ်လို့ သူတို့က ထုတ်ပြန်ပါတယ်။

ပေးပို့သူတွေရဲ့ လုံခြုံရေးဟာ ယန္တရားအတွက် အရေးအကြီးဆုံးဖြစ်တာကြောင့်လည်း ဘယ်အချိန်မဆို အချက်အလက်မျှဝေဖို့ မလုံခြုံဘူးလို့ ယူဆရင် မပေးပို့သေးဘဲ လုံခြုံစိတ်ချမှ ပေးပို့ဖို့ကိုလည်း သူတို့က သတိပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ကျူးလွန်ခဲ့တဲ့ အကြီးလေးဆုံး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတွေနဲ့ နိုင်ငံတကာ ဥပဒေချိုးဖောက်တာတွေရဲ့ သက်သေအထောက်အထားတွေကို စုဆောင်းဖို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရားကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ၂၀၁၈ ခုနှစ် စက်တင်ဘာလမှာ တည်ထောင်ခဲ့တာပါ။

နိုင်ငံတွင်း၊ ဒေသတွင်းနဲ့ အပြည်ပြည်ဆိုင်ရာ ခုံရုံးတွေမှာ အဲဒီရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူတွေကို တရာစီရင်ရာမှာ လွယ်ကူစေဖို့အတွက် အထောက်အကူပြုနိုင်တဲံ အမှုတွဲတွေပြင်ဆင်ဖို့လည်း လုပ်ပိုင်ခွင့်ပေးထားပါတယ်။

ယန္တရားရဲ့ အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်ဟာ လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း အပြည်ပြည်ဆိုင်ရာ တရားရုံး ၇ ရုံးမှာ အလုပ်လုပ်ခဲ့ပြီး လိုက်ဘေးရီးယားနိုင်ငံသမ္မတ ချားစ်တေလာနဲ့ ခမာနီ ထိပ်သီးခေါင်း‌ဆောင်တွေဖြစ်တဲ့ Nuon Chea နဲ့ Khieu Samphan တို့ရဲ့ ရုံးတင်စစ်ဆေးချက်တွေ အပါအဝင် အမှုတွဲတွေကို ကိုင်တွယ်ခဲ့သူဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013