DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးကို အကြမ်းဖက်အဖွဲ့အဖြစ်မှ CRPH ပယ်ဖျက်
DVB
·
March 17, 2021
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးကို အကြမ်းဖက်အဖွဲ့အဖြစ်မှ CRPH ပယ်ဖျက်
Donate to DVB

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အားလုံးကို အကြမ်းဖက်အဖွဲ့နဲ့ မတရားအသင်း အဖြစ်ကနေ ပယ်ဖျက်တယ်လို့ မတ်လ ၁၇ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) က ကြေညာလိုက်ပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း အကြမ်းဖက်အဖွဲ့အဖြစ်သော်လည်းကောင်း၊ မတရားအသင်း အဖြစ်သော်လည်းကောင်း ကြေညာခံထားရတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးအတွက် တိုက်ပွဲဝင်နေကြသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများအားလုံးကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ဖြစ်စေ၊ မတရားအသင်းမှ ဖြစ်စေ ပယ်ဖျက်ကြောင်း ဒီကနေ့ ရက်စွဲနဲ့ CPRH က ကြေညာလိုက်တာပါ။

အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တိုက်ပွဲဝင်နိုင်ဖို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေ ဆက်သွယ်ဆောင်ရွက်သောကြောင့် ပုဒ်မ ၁၇ (၁) နဲ့ ဖမ်းဆီးအရေးယူမှု အားလုံးဟာ တရားဝင်မှုမရှိကြောင်း၊ ဖမ်းဆီးအရေးယူမှုအားလုံးကို ရှုတ်ချကြောင်း ကြေညာချက်မှာပါရှိပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဟာ နိုင်ငံရေးရည်မှန်းချက်များဖြစ်တဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ သမ္မတကြီးဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံရသူများအားလုံး လွတ်မြောက်ရေး၊ ဒီမိုကရေစီရရှိရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းရေး၊ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ဖွဲ့စည်းပုံခြေခံဥပဒေပေါ်ပေါက်ရေးတို့ကို ၂၀၂၁ ခုနှစ် မတ်လ ၅ ရက်နေ့နဲ့ ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013