DVB Logo
Home
ကျန်းမာရေး
ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ သန်း ၁၂၀ ကျော်လာ၊ အမေရိကန်က သန်း ၃၀ ကျော်ဖြင့် အများဆုံးဖြစ်
DVB
·
March 14, 2021
ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ သန်း ၁၂၀ ကျော်လာ၊ အမေရိကန်က သန်း ၃၀ ကျော်ဖြင့် အများဆုံးဖြစ်
Donate to DVB

ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၁၆ သန်းကျော်ရှိလာခဲ့ပြီး အမေရိကန်နိုင်ငံက သန်း ၃၀ ကျော်နဲ့ ကူးစက်ခံရမှု အမြင့်ဆုံးနိုင်ငံ ဖြစ်နေပါတယ်။

တကမ္ဘာလုံးအတိုင်းအတာနဲ့ ရောဂါကူးစက်ခံရပြီး သေဆုံးသူ ၂ ဒသမ ၆၅ သန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းလာသူအရေအတွက် ၉၆ ဒသမ ၅၈ သန်းကျော် ရှိ နေတာပါ။

ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ သန်း ၃၀ ကျော်၊ သေဆုံးသူ ၅ သိန်း ၄ သောင်းကျေ ရှိနေပြီး သူ့နောက်မှာတော့ ဘရာဇီးနိုင်ငံက ကူးစက်ခံရသူ ၁၁ ဒသမ ၄ သန်းကျော်၊ သေဆုံးသူ ၂ သိန်း ၇ သောင်းကျော်နဲ့ ရှိနေတာ ဖြစ်ပါတယ်။

တတိယနေရာမှာတော့ အိန္ဒိယနိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၁ ဒသမ ၃ သန်းကျော်၊ သေဆုံးသူ ၁ သိန်းခွဲကျော်နဲ့ ထိပ်ဆုံး ၃ နိုင်ငံ အနေနဲ့ အသီးသီး ရပ်တည်နေပါတယ်။

အဲဒီ ၃ နိုင်ငံနောက်မှာတော့ ရုရှား၊ ယူကေနဲ့ ပြင်သစ်နိုင်ငံတွေက ကူးစက်ခံရသူ ၄ သန်းကျော်စီ၊ အီတလီနဲ့ စပိန်နိုင်ငံတွေက ကူးစက်ခံရသူ ၃ သန်းကျော်စီ၊ တူရကီ၊ ဂျာ မနီ၊ ကိုလံဘီယာ၊ အာဂျင်တီးနား၊ မက္ကဆီကိုနိုင်ငံတွေက ကူးစက်ခံရသူ ၂ သန်းကျော်စီ ရှိနေတာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ပိုလန်၊ အီရန်၊ တောင်အာဖရိက၊ ယူကရိန်း၊ အင်ဒိုနီးရှား၊ ပီရူး၊ ချက်သမ္မတနိုင်ငံတွေနဲ့အတူ နယ်သာလန်နိုင်ငံမှာလည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ၁ သန်းကျော်လာခဲ့ပြီ ဖြစ်တာမို့ ခုချိန်ထိ ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ဦးရေ ၁ သန်းကျော်လာခဲ့တဲ့ နိုင်ငံပေါင်း ၂၁ နိုင်ငံထိ ရှိလာခဲ့ပြီလို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။

ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အ ရေအတွက် ၉ သောင်းကျော်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၆ ယောက်နဲ့ နိုင်ငံအလိုက် အ မှတ်စဉ် ၈၆ နေရာထိ ကျဆင်းသွားခဲ့ပါတယ်။

အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အမြင့် ဆုံး အိန္ဒိယ၊ တူရကီ၊ အီရန်၊ အင်ဒိုနီးရှားနိုင်ငံတွေပြီးရင် အစ္စရေးနိုင်ငံက ရောဂါကူးစက်ခံရသူဦးရေ ၈ သိန်းကျော်၊ အီရတ်နိုင်ငံက ၇ သိန်းကျော်၊ ဖိလစ်ပိုင်နဲ့ ပါကစ္စတန်နိုင်ငံတွေက ရောဂါကူးစက်ခံရသူ ဦးရေ ၆ သိန်းကျော်စီနဲ့ အသီးသီး ကူးစက်ခံထားရတာ ဖြစ်ပါတယ်။

မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစု ပေါင်း ၅ သိန်းခွဲကျော်နဲ့ သေဆုံးသူ ၈,၅၂၇ ယောက် ရှိနေတာပါ။

မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြု လူနာစုစုပေါင်း ၁၄၂,၁၃၆ ယောက်၊ သေဆုံး သူ ၃,၂၀၁ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရ သူပေါင်း ၁၃၁,၇၃၆ ယောက်ရှိနေပြီး အာဆီယံနိုင်ငံ တွေထဲမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးမှုအများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။

မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၃ သိန်း ၂ သောင်းကျော်နဲ့ သေဆုံးသူ ၁,၂၀၆ ယောက် ရှိပါတယ်။

စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၆ သောင်းကျော်နဲ့ ခု ရက်ပိုင်း သေဆုံးသူအရေအတွက်အယောက် ၃၀ ရှိနေတာ ဖြစ်ပါတယ်။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၂ သောင်း ၇ ထောင်နီးပါးနဲ့ သေဆုံးသူ ၈၆ ယောက် ရှိနေပါ တယ်။

ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂,၅၅၃ ယောက်နဲ့ သေဆုံးသူအရေအတွက် ခုရက်ပိုင်းမှာ တိုးမလာဘဲ ၃၅ ယောက် ရှိနေပြီး ဘရူ နိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၉၂ ယောက်နဲ့ သေဆုံး သူ ၃ ယောက် ရှိနေတာပါ။

ကမ္ဘောဒီးယားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁,၃၀၅ ယောက်နဲ့ သေဆုံးသူ ၁ ယောက်ရှိလာခဲ့ပြီဖြစ်ပြီး လာအိုနိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူ ၄၈ ယောက် ရှိနေပေမယ့် သေဆုံးလူနာ ခုချိန်ထိ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013