DVB Logo
Home
မြန်မာသတင်း
ပင်းတယမီးအိမ်ရှင် ဒေါက်တာ သန်းမင်းထွဋ် ဖမ်းဆီးခံရ
DVB
·
March 13, 2021
ပင်းတယမီးအိမ်ရှင် ဒေါက်တာ သန်းမင်းထွဋ် ဖမ်းဆီးခံရ
Donate to DVB

DVB

ပင်းတယမီးအိမ်ရှင် ဒေါက်တာ သန်းမင်းထွဋ် ပုသိမ်ပြည်သူ့ဆေးရုံ အုပ်ကြီးကို မတ်လ ၁၂ ရက်နေ့ နေ့လယ်ပိုင်းက အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီရဲ့ တပ်ဖွဲ့တွေက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်ဖွဲ့တွေက ဒေါက်တာ သန်းမင်းထွဋ်ကို တိုင်စီမံအုပ်ချုပ်ရေးကောင်စီရုံးမှာ အစည်းဝေးလုပ်ဖို့ လာရောက် ခေါ်ဆောင်ရာကနေ ဖုန်းစက်ပိတ်ထားပြီး နောက်ပိုင်း အဆက်အသွယ်မရတော့တာလို့ ဆရာကြီးနဲ့ နီးစပ်တဲ့ လူတွေက DVB ကို ပြောပါတယ်။

ပင်းတယ မီးအိမ်ရှင်ဆရာကြီး ဒေါက်တာသန်းမင်းထွဋ်ကို ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှူး တင်နိုင်က တရားလိုပြုလုပ်ပြီး ပုဒ်မ ၅၀၅(ဃ)နဲ့ အမှု့ဖွင့်ဖမ်းဆီးထားတာလို့ မိသားစု၀င်တွေဆီက သိရပါတယ်။

ပင်းတယမီးအိမ်ရှင် ဒေါက်တာ သန်းမင်းထွဋ် ခုလို ဖမ်းဆီးခံရတာဟာ မတ်လ ၁၀ ရက်နေ့က တိုင်းကောင်စီရုံးမှာ ပြုလုပ်တဲ့အစည်း အဝေးမှာ ဆေးရုံပြန်ဖွင့်ဖို့ကိစ္စကို လက်မခံခဲ့လို ဖြစ်နိုင်တယ်လို့ မြို့ခံတွေက ပြောဆိုပြီး စိတ်ပူပန်နေကြပါတယ်။

ပုသိမ်ပြည်သူ့ဆေးရုံကြီး ပင်းတယ မီးအိမ်ရှင် ဒေါက်တာ သန်းမင်းထွဋ် ခုလိုဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး မြို့ခံတွေက ရဲစခန်း ရှေ့တွေမှာ သွားရောက်ပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုတာတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013