DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်းစစ်တပ်နှင့် ရှမ်းပြည်တပ်မတော် RCSS-SSA တို့ တိုက်ပွဲဖြစ်
DVB
·
March 10, 2021
အာဏာသိမ်းစစ်တပ်နှင့်  ရှမ်းပြည်တပ်မတော် RCSS-SSA တို့ တိုက်ပွဲဖြစ်
Donate to DVB

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင် ၊  မိုင်းနောင်မြို့နယ်ထဲမှာ အာဏာသိမ်းစစ်တပ်နဲ့  ရှမ်းပြည်တပ်မတော် RCSS/SSA  တို့ မတ်လ ၉ ရက်နေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ခဲ့ပါတယ်။ 

RCSS/SSA တပ်ဖွဲ့ဝင်တွေဟာ မိုင်းနောင်မြို့နယ် နောင်အေအုပ်စု ဟိုတတ်ကျေးရွာမြောက်ဘက်ရှိ တောထဲမှာရှိနေစဉ် ညနေ ၄ နာရီလောက်မှာ မြန်မာ့တပ်မတော်က အလုံးအရင်းနဲ့ ဝင်ရောက် တိုက်ခိုက်တာကို ခံခဲ့ရတယ်လို့ RCSS/SSA  ပြောခွင့်ရ ဗိုလ်မှူး ခမ်းစံက ဒီဗွီဘီကို ပြောပါတယ် ။ 

“မနေ့က မနက်ပိုင်းမှာ ကျနော်တို့က CRPH နဲ့ အွန်လိုင်းမှာ အလွတ်သဘောဆွေးနွေးခဲ့ပြီး ညနေပိုင်းကျတော့ မိုင်းနောင်အခြေစိုက် ခလရ ၉ နဲ့ ခလရ ၂၈၆ လက်အောက်ခံတပ်တွေက အလုံးအရင်းနဲ့ လာတိုက်လို့ ၁ နာရီကျော် ပစ်ခတ်ခဲ့ကြတယ်ခင်ဗျ။ တိုက်ပွဲက ပြင်းထန်တယ်လို့ ပြောရမယ်။ ဒါပေမဲ့ ထိခိုက်ကျဆုံးမှုအခြေအနေတွေတော့ မသိရပါဘူး။ ဒီနေ့မှာ တိုက်ပွဲမရှိပေမယ့် နှစ်ဘက်တပ်တွေ ဆိုင်နေတုန်းပဲ။ အဲဒါက တောထဲမှာဆိုတော့ ရွာတွေနဲ့ အလှမ်းဝေးပါတယ်”။

အဆိုပါဒေသမှာ RCSS နဲ့ SSPP တပ်တွေ တောင်ဘက်နဲ့မြောက်ဘက်ဆိုင်ပြီး ရှိနေကြောင်း ၊ မြန်မာ့တပ်မတော်က နှစ်ဘက်တပ်ကြားထဲကနေ သူတို့ကို ဝင်ရောက်တိုက်ခိုက်တာဟာ  အဆင်မပြေဖြစ်နေတဲ့ RCSS နဲ့ SSPP နှစ်ဘက်တပ် အထင်မှား အမြင်မှား ဖြစ်စေလိုလို့ ဝင်တိုက်တယ်လို့ ယူဆကြောင်း  ဗိုလ်မှူး ခမ်းစံကသူက ဆက်ပြောပါတယ် ။   

 “သူတို့က ကျနော်တို့နှစ်ဘက်တပ်ကြားထဲကို အဲလိုဝင်လာရင် ဟိုဘက်ကလည်း ကျနော်တို့က တပ်မတော်နဲ့ပေါင်းပြီး သူတို့ကိုတိုက်တယ်လို့ ထင်မယ်။ ကျနော်တို့ကလည်း တပ်မတော်နဲ့ SSPP ပေါင်းပြီးလာတိုက်တာလို့ အထင်မှားနိုင်တယ်။ တပ်မတော်က စစ်ရေးအရခွင်ဆင်တယ်လို့ ယူဆပါတယ်”။

ဖေ‌ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုအပေါ် RCSS/SSA တပ်ဖွဲ့က ဆန့်ကျင်ကြောင်း သဘောထားထုတ်ပြန်ပြီး နောက်ပိုင်း မိုင်းပန်၊ သီပေါနဲ့ မိုင်းနောက်မြို့နယ်တွေမှာ တပ်မတော်နဲ့ RCSS/SSA တပ်ဖွဲ့ကြား တိုက်ပွဲတွေဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပါတယ်။

လက်ရှိ စစ်အာဏာရှင်ကျဆုံးရေး ဆန္ဒပြနေတဲ့ ပြည်သူတွေ ဘေးအန္တရာယ်ရှိရင် RCSS ထံ ဆက်သွယ်ခိုလှုံနိုင်ကြောင်း ထုတ်ပြန်ထားပေမယ့် ဆန္ဒပြစစ်ကြောင်းနဲ့အတူလိုက်ပြီး လုံခြုံရေး ယူပေးတာတော့ မရှိသေးပါဘူး။

ပြည်သူတွေက စစ်အာဏာရှင်ကျဆုံးရေးဆန္ဒပြတဲ့အပေါ် ထောက်ခံပြီး ဖမ်းဆီးသတ်ဖြတ်ခံနေရတဲ့အပေါ် စာနာမိကြောင်း ၊ လက်နက်ကိုင်တပ်ဖွဲ့အနေနဲ့ ဆန္ဒပြစစ်ကြောင်းနဲ့လိုက်သွား ရင်တော့ အခြေအနေတွေ ပိုမိုရှုပ်ထွေးလာနိုင်လို့ ချင့်ချိန်ဆောင်ရွက်နေရတယ်လို့ ဗိုလ်မှူး ခမ်းစံက ပြောပါတယ်။

RCSS/SSA ဌာနချုပ် (ဓာတ်ပုံ - Hsan Mong)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013