DVB Logo
Home
မြန်မာသတင်း
မီဒီယာ ၅ ခုကို လိုင်စင်ပြန်ပေးရန် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ တောင်းဆို
DVB
·
March 10, 2021
မီဒီယာ ၅ ခုကို လိုင်စင်ပြန်ပေးရန် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ တောင်းဆို
Donate to DVB

မြန်မာနိုင်ငံမှာ ထုတ်ဝေခွင့် ရပ်ဆိုင်းခံခဲ့ရတဲ့    သတင်းမီဒီယာ ၅ ခုကို လိုင်စင်ပြန်ပေးဖို့ နယ်စည်းမခြားသတင်းထောက်များအဖွဲ့(RSF)က တောင်းဆိုထားပါတယ်။

ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့(RSF)၊ အာရှ-ပစိ ဖိတ်ဒေသဆိုင်ရာ အကြီးအကဲ ဒန်နီရယ်ဘတ်စတတ်က “ပိတ်ပင်ခံရတဲ့ သတင်းမီဒီယာ ၅ ခုကို အမြန်ဆုံး လိုင်စင်ပြန်ဖွင့်ပေးဖို့ ကျနော်တို့အနေနဲ့ စစ်အာဏာပိုင်တွေကို တောင်းဆိုပါတယ်”လို့ ပြောပါတယ်။

DVB သတင်းဌာန အပါအဝင် သတင်းမီဒီယာ ၅ ခုကို ထုတ်ဝေခွင့်ရပ်ဆိုင်းကြောင်း အာဏာသိမ်းစစ်အုပ်စုရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက မတ် ၈ ရက် ရက်စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့တာပါ။

အရင်က ထုတ်ဝေခွင့်ပြုပေးခဲ့တဲ့ DVB ၊ Mizzima ၊ ခေတ်သစ်မီဒီယာ၊ Myanmar Now နဲ့ 7 Day သတင်းဌာနတို့ရဲ့ ထုတ်ဝေခြင်းလုပ်ငန်းအသီးသီးကို ပိတ်သိမ်းလိုက်ကြောင်း အဆိုပါ သတင်းဌာနတွေအနေနဲ့ မီဒီယာ အမျိုးအစားတခုခုကို အသုံးပြုလို့ ဖြစ်စေ၊ နည်းပညာတရပ်ရပ်ကို အသုံးပြုလို့ ဖြစ်စေ ရေးသားထုတ်လွှင့် ဖော်ပြခြင်းမပြုဖို့ ကြေညာတဲ့အကြောင်း ဖော်ပြထားတာ ဖြစ်ပါတယ်။

ဒီကြေညာချက်ကို MRTV နဲ့ မြဝတီရုပ်မြင်သံကြားတို့ကနေ သတင်းထုတ်ပြန် ကြေညာသွားတာ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး DVB နဲ့ Mizzima တို့ရဲ့ Free-to- Air ရုပ်သံချန်နယ်တွေကို ဖြတ်တောက်ပစ်ခဲ့တာ ဖြစ်ပါတယ်။

DVB သတင်းဌာနကတော့ ဒီလိုထုတ်ဝေခွင့်ပိတ်သိမ်းတာဟာ လွတ်လပ်စွာ သတင်း ရယူပိုင်ခွင့်နဲ့ ထုတ်ဖော်တင်ပြခွင့် (Freedom of Expression) ကို ကန့်သတ်ပိတ်ပင်တာ ဖြစ်တဲ့အတွက် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနဲ့  လွတ်လပ်တဲ့ သတင်းဌာနအဖြစ် ရပ်တည်ပြီး မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးတိုက်ပွဲတွေကို အစဉ်အမြဲထောက်ခံအားပေးနေမှာဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

ခုလက်ရှိ ပိတ်သိမ်းလိုက်တဲ့ မီဒီယာ ၅ ခုကို ထုတ်ဝေခွင့်ပိတ်သိမ်းကြောင်း မကြေညာခင် နေ့လယ်ပိုင်းမှာ Myanmar Now သတင်းစာတိုက်ကို စစ်တပ်နဲ့ရဲက တံခါး ရိုက်ချိုး ဝင်ရောက်ရှာဖွေတာတွေ လုပ်ခဲ့သလို ခုရက်ပိုင်းမှာ ကမာရွတ်မီဒီယာနဲ့ မဇ္ဈိမသတင်းဌာနတွေကိုလည်း စစ်တပ်၊ ရဲ အင်အားအများအပြားနဲ့ ဝင်ရောက်စီးနင်းမှုတွေ လည်း လုပ်ဆောင်ခဲ့တာပါ။

ဒါ့အပြင် လူထုလှုပ်ရှားမှု ဆန္ဒပြပွဲတွေမှာ သတင်းရယူခဲ့ကြတဲ့ ဒီဗွီဘီသတင်း ထောက်တွေအပါအဝင် သတင်းသမားတွေအများအပြားကို အာဏာသိမ်းစစ်အုပ်စုက ဖမ်းဆီးထားခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ နယ်စည်းမခြားသတင်းထောက်များအဖွဲ့(RSF)က ထုတ်ပြန်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်အညွှန်းကိန်းမှာ နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၃၉ မှာ ရပ် တည်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013