DVB Logo
Home
မြန်မာသတင်း
Mizzima အယ်ဒီတာ ကိုသန်းထိုက်အောင် ထောင် ၂ နှစ်ချမှတ်ခံရ
DVB
·
March 22, 2022
Mizzima အယ်ဒီတာ ကိုသန်းထိုက်အောင် ထောင် ၂ နှစ်ချမှတ်ခံရ
Donate to DVB

Mizzima သတင်းဌာနရဲ့ နေပြည်တော်အခြေစိုက် သတင်းအယ်ဒီတာ ကိုသန်းထိုက်အောင်ကို မတ်လ ၂၂ ရက်မှာ ဇမ္ဗူသီရိမြို့နယ်တရားရုံးကနေ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်း ကနေ သိရပါတယ်။

ကိုသန်းထိုက်အောင်နဲ့ ဘီဘီစီသတင်းထောက် ကိုအောင်သူရတို့ဟာ ၂၀၂၁ ခုနှစ် မတ်လ ၁၉ ရက်နေ့က အန်အယ်လ်ဒီသဘာပတိအဖွဲ့ဝင်  ဦး၀င်းထိန်ရဲ့ တရားရုံးထုတ်သတင်းသွားရင်း နေပြည်တော် ဒက္ခိဏသီရိခရိုင်တရားရုံးရှေ့မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ကိုအောင်သူရကို စစ်ကြောရေးမှာ ရက်ပိုင်းဖမ်းဆီးပြီး ပြန်လွှတ်ပေးခဲ့ပေမဲ့ ကိုသန်းထိုက်အောင်ကိုတော့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုပြီး ဖမ်းဆီးထားတာ တစ်နှစ်ကျော်ရှိသွားပြီဖြစ်ပါတယ်။

ဒီနေ့မှာတော့ ကိုသန်းထိုက်အောင်ကို  ဇမ္ဗူသီရိမြို့နယ်တရားရုံးကနေ ထောင်ဒဏ် နှစ်နှစ် ချမှတ်လိုက်ပြီး ချုပ်ရက်နဲ့ လျှော့ရက် ခံစားခွင့်ရမယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013