DVB Logo
Home
မြန်မာသတင်း
မြန်မာတွင် ကိုဗစ်-၁၉ အတည်ပြု လူနာပေါင်း ၁၄၂,၀၄၅ ဦး ၊ သေဆုံးသူ ၃,၂၀၀ ဦးရှိ
DVB
·
March 9, 2021
မြန်မာတွင် ကိုဗစ်-၁၉ အတည်ပြု လူနာပေါင်း ၁၄၂,၀၄၅ ဦး ၊ သေဆုံးသူ ၃,၂၀၀ ဦးရှိ
Donate to DVB

မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြု လူနာစုစုပေါင်း ၁၄၂,၀၄၅ ယောက်၊ သေဆုံးသူ ၃,၂၀၀ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၃၁,၆၇၉ ယောက်ရှိပြီလို့ ဖော်ပြထားပြီး အာဆီယံနိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးမှုအများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။

အာဆီယံနိုင်ငံတွေထဲမှာတော့ အင်ဒိုနီးရှားနိုင်ငံပြီးရင် ဖိလစ်ပိုင်နိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၅ သိန်း ၉ သောင်းကျော်နဲ့ သေဆုံးသူ ၁၂,၅၂၁ ယောက်နဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။

မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၃၁၄,၉၈၉ ယောက်နဲ့ သေဆုံးသူ ၁,၁၇၇ ယောက် ရှိပါတယ်။ စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၆၀,၀၄၆ ယောက်နဲ့ ခု ရက်ပိုင်း သေဆုံးသူအရေအတွက် ထပ်တိုးမလာဘဲ ၂၉ ယောက် ရှိနေတာ ဖြစ်ပါတယ်။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၂၆,၅၀၁ ယောက်နဲ့ သေဆုံးသူ ၈၅ ယောက် ရှိနေပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂,၅၂၄ ယောက်နဲ့ သေဆုံးသူအရေအတွက် ခုရက်ပိုင်းမှာ တိုးမလာဘဲ ၃၅ ယောက် ရှိနေပြီး ဘ ရူနိင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၉၀ ယောက်နဲ့ သေ ဆုံးသူ ၃ ယောက် ရှိနေတာပါ။

ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေ အတွက် ၁,၀၁၁ ယောက်နဲ့  ၄၇ ယောက်စီ အသီးသီးရှိနေပေမယ့် သေဆုံးလူနာ ခုချိန်ထိ မရှိသေးပါဘူး။

အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အမြင့် ဆုံး အိန္ဒိယ၊ တူရကီ၊ အီရန်၊ အင်ဒိုနီးရှားနိုင်ငံတွေပြီးရင် အစ္စရေးနိုင်ငံက ရောဂါကူး စက်ခံရသူဦးရေ ၈ သိန်းကျော်၊ အီရတ်နိုင်ငံက ရောဂါကူးစက်ခံရသူဦးရေ  ၇ သိန်း ၃ သောင်းကျော်စီနဲ့ အသီးသီး ရှိနေပါတယ်။

အီတလီနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးသူ ၁ သိန်းကျော်ရှိလာခဲ့ပြီး ကမ္ဘာ့သေဆုံးမှုအမြင့်ဆုံး အဆင့် ၆ နေရာမှာ  ရပ်တည် နေပါတယ်။

လက်ရှိအချိန်ထိ အီတလီနိုင်ငံမှာ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃ သန်းကျော်နဲ့ ရောဂါပြန်လည်သက်သာလာသူအရေအတွက် ၂ သန်းခွဲကျော် ရှိနေတာပါ။

တကမ္ဘာလုံးအတိုင်းအတာနဲ့ ရောဂါကူးစက်ခံရပြီး သေဆုံးသူ ၂ ဒသမ ၆ သန်း ကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းလာသူအရေအတွက်ကတော့ ၉၃ သန်းကျော် ရှိနေ တာပါ။

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိ ကန်နိုင်ငံက သေဆုံးသူ ၅ သိန်းကျော်၊ ကူးစက်ခံရသူ ၂၉ သန်းကျော်နဲ့ ရှိနေပြီး သူ့နောက်မှာတော့ ဘရာဇီးနိုင်ငံက သေဆုံးသူ ၂ သိန်း ၆ သောင်းကျော်၊ ကူးစက်ခံရသူ ၁၁ သန်းကျော်နဲ့ ရှိနေတာ ဖြစ်ပါတယ်။

တတိယနေရာမှာတော့ မက္ကဆီကိုနိုင်ငံက သေဆုံးသူ ၁ သိန်း ၉ သောင်းကျော်၊ ကူးစက်ခံရသူ ၂ သန်းကျော်နဲ့ သေဆုံးမှုအများဆုံး ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ အသီးသီး ရပ် တည်နေပါတယ်။

အဲဒီ ၃ နိုင်ငံနောက်မှာတော့ အိန္ဒိယက သေဆုံးသူ ၁ သိန်းခွဲကျော်၊ ယူကေက သေ ဆုံးသူ ၁ သိန်း ၂ သောင်းကျော်နဲ့ အီတလီနိုင်ငံက သေဆုံးသူ ၁ သိန်းကျော်လာခဲ့တာမို့ သိန်းနဲ့ချီ သေဆုံးတဲ့ နိုင်ငံ ၆ နိုင်ငံထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ခုချိန်ထိ ကမ္ဘာတဝန်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၁၇ သန်း ကျော် ရှိနေပြီး ရောဂါကူးစက်ခံရသူဦးရေ ၁ သန်းကျော်လာခဲ့တဲ့ နိုင်ငံပေါင်း ကတော့ ၂၁ နိုင်ငံထိ ရှိလာခဲ့ပြီလို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။

ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အ ရေအတွက် ၉ သောင်းကျော်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၆ ယောက်နဲ့ နိုင်ငံအလိုက် အ မှတ်စဉ် ၈၆ နေရာထိ ကျဆင်းသွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013