DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ကျဆုံးသူ ၅၀ ကျော်၊ ဖမ်းဆီးထိန်းသိမ်းခံ ၁၄၀၀ ကျော်ရှိဟု အေအေပီပီ ထုတ်ပြန်
DVB
·
March 8, 2021
အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ကျဆုံးသူ ၅၀ ကျော်၊ ဖမ်းဆီးထိန်းသိမ်းခံ ၁၄၀၀ ကျော်ရှိဟု အေအေပီပီ ထုတ်ပြန်
Donate to DVB

စစ်အာဏာရှင်ဆန့်ကျင် လူထုဆန္ဒပြပွဲတွေအတွင်း မတရားအကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ကျဆုံးသွားရသူဦးရေဟာ အနည်းဆုံးအယောက် ၅၀ ကျော်ရှိနေပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ မတ် ၇ ရက်နေ့အထိ မှတ်တမ်း ပြုစုထားတာဖြစ်ပြီး အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးတို့အတွက် အသက်ခန္ဓာရင်းပြီး တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့တဲ့ သူရဲကောင်းတွေကို အေအေပီပီအနေနဲ့ အလေးအနက် မှတ်တမ်းတင်ဂုဏ်ပြုကြောင်း ဖော်ပြထားတာပါ။

မှတ်တမ်းပြုချက်တွေအရ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ စုစုပေါင်း ၁၇၉၀ ယောက်ထိ ရှိခဲ့ပြီဖြစ်ကာ အဲဒီထဲက ထောင်ဒဏ်ချမှတ်ခံထားရသူ ၃ ယောက်၊ အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အယောက် ၇၀ နဲ့ ပြန်လည်လွတ်မြောက်လာသူ ၃၁၈ ယောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။

ဒါကြောင့်မို့ လက်ရှိအချိန်အထိ ၁၄၇၂ ယောက် ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချ မှတ်ခံထားရကြောင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာပါ။

စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ လူမဆန်တဲ့ ရာဇဝတ်မှုတွေကို နေ့စဉ်နဲ့အမျှ ပုံစံမျိုးစုံနဲ့ ကျူးလွန်နေပြီး ဒါတွေကို ရပ်တန့်ဖို့ နိုင်ငံတကာက အရေးယူဆောင်ရွက်မှုတွေကို အမြန်ဆုံး လုပ်ဆောင်ကြဖို့ အလေးအနက် တိုက်တွန်းကြောင်းလည်း ဖော်ပြထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) အနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင်သွားမှာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်တွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက ဖော်ပြပါလိပ်စာတွေကို  ဆက်သွယ် အသိပေး၊ အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

Email :   [email protected]

Facebook : https://web.facebook.com/burmapoliticalprisoners/Twitter : https://twitter.com/aapp_burma

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013