Home
မြန်မာသတင်း
ရေးမြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူများငြိမ်းချမ်းစွာဆန္ဒဆက်ပြ
DVB
·
March 8, 2021
158730276_3575182709270143_4063580067928270501_o
158114229_3575185655936515_8076659548113104860_o
158082227_3575181435936937_3319017770755902262_o
157279899_3575183329270081_2256944897591309055_o
156825869_3575186982603049_4169963025492768818_o
156482098_3575183229270091_4639795295659155390_o
156230631_3575186342603113_1542259337791642061_o

မွန်ပြည်နယ်၊ ရေးမြို့မှာ  မတ် ၈ ရက် မနက်က   စစ်အာဏာရှင်ဆန့်ကျင်ရေးပြပွဲကို ထောင်နဲ့ ချီတဲ့ ပြည်သူတွေက ငြိမ်းချမ်းစွာ ပြုလုပ်ခဲ့ကြပါတယ်။

ဆန္ဒပြတဲ့သူတွေကို အင်အားသုံးဖြိုခွင်းမှု မရှိပေမဲ့  စစ်တပ်နဲ့ရဲတွေက ရေးဆေးရုံမှာ မနေ့ကတည်းက တပ်စွဲထားပြီး ဒီနေ့မနက်အထိထလည်း ဆက်လက်တပ်စွဲထားပါတယ်။ 

ရေး-အစင် သွားကားလမ်းမှာလည်း အစင် စံပြကျေးရွာနဲ့ ဇီးဖြူသောင်ရွာမှ ဆန္ဒပြလာမယ့် လူတွေမလာနိုင်အောင် စစ်တပ်နဲ့  ရဲတွေက ပိတ်ဆို့နေရာယူထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ ရေးမြို့နယ်မှာ ဆေးရုံအနီးနားလမ်းမကြီးနဲ့ လမ်းကြိုလမ်းကြားတွေပါမကျန် လုံခြုံ ရေးတပ်ဖွဲ့တွေ မဖြိုခွင်းနိုင်ဖို့ ဆန္ဒပြတဲ့သူတွေက ပိတ်ဆို့ထားခဲ့သလို ရေးမြို့ မြသီတာဈေးနဲ့ ဝင်းသုခရတနာရွှေဈေးကြီးမှာပါ ရောင်းချသူတွေမရှိဘဲ ပိတ်ထားခဲ့ကြပါတယ်။

စစ်ဏာရှင်ဆန့်ကျင်ရေး ၂၉ ရက်မြောက်နေ့အဖြစ် မတ်လ ၈ ရက်နေ့ နံနက်ပိုင်းကစပြီး ရေးမြို့မှာ ရဲနဲ့စစ်တပ်က မြို့အနှံ့လိုက်လံဖြိုခွင်းနေပေမဲ့  ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး မြို့အတွင်း လှည့်လည်ခဲ့ကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024