DVB Logo
Home
မြန်မာသတင်း
ယမန်နေ့ညက ဖမ်းဆီးခံရသည့် ပန်းဘဲတန်း NLD ရပ်ကျေးဥက္ကဋ္ဌ ဦးခင်မောင်လတ် သေဆုံး
DVB
·
March 7, 2021
ယမန်နေ့ညက ဖမ်းဆီးခံရသည့် ပန်းဘဲတန်း NLD ရပ်ကျေးဥက္ကဋ္ဌ ဦးခင်မောင်လတ် သေဆုံး
Donate to DVB

မတ် ၆ ရက်နေ့ညက ပန်းဘဲတန်းမြို့နယ် လမ်း ၃၀ အလယ်လမ်းမှာ စစ်တပ်နဲ့ရဲက ဝင်ရောက်ဖမ်းဆီးသွားတဲ့ NLD ၇ ရပ်ကွက် ရပ်ကျေးဥက္ကဋ္ဌ ဦးခင်မောင်လတ် ညတွင်းချင်း ဆုံးပါးသွားပြီလို့ သိရပါတယ်။ 

သူ့ရဲ့နေအိမ်နဲ့ တခြားပန်းဘဲတန်းမြို့နယ် EC တွေရဲ့ နေအိမ်တွေကို စစ်တပ်နဲ့ ရဲက ဝင်ရောက်ရာမှာ အကြမ်းဖက် ရိုက်နှက် ဖျက်ဆီးမှုတွေလည်း ရှိခဲ့တယ်လို့ ပန်းဘဲတန်း လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူမောင်က သူ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဦးခင်မောင်လတ်ရဲ့ ရုပ်အလောင်းကို မင်္ဂလာဒုံ စစ်ဆေးရုံမှာလို့ သိရတဲ့အတွက် မြို့နေပြည်သူအချို့က သက်ဆိုင်ရာ နယ်မြေရဲစခန်းက တာဝန်ရှိသူနဲ့အတူ သွားရောက်ထုတ်ယူဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ 

“ဦးခင်မောင်လတ်ဟာ ကျနော့်ရဲ့ ရွေးကောက်ပွဲကာလ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပေးခဲ့သူလည်း ဖြစ်တဲ့အပြင် ၂၀၁၅ ကာလ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တာဝန်ယူခဲ့တဲ့ ဦးနေဖူးဗဆွေရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။” 

ကွယ်လွန်သူဟာ အစ္စလာမ်ဘာသာဝင်တစ်ဦး ဖြစ်တာကြောင့် အစ္စလာမ်ထုံးတမ်းနဲ့အညီ မြှုပ်နှံစျာပနပြုလုပ်နိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013