DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်းစစ်ကောင်စီ စစ်ဆေးပါက ထွက်ဆိုချက်မပေးဟု CDM ဝန်ထမ်း ၈၅ ဦး ကြေညာ
DVB
·
March 6, 2021
အာဏာသိမ်းစစ်ကောင်စီ စစ်ဆေးပါက ထွက်ဆိုချက်မပေးဟု CDM ဝန်ထမ်း ၈၅ ဦး ကြေညာ
Donate to DVB

CDM မှာ ပါဝင်တာကြောင့် အာဏာသိမ်းစစ်ကောင်စီရဲ့ စုံစမ်းစစ်ရေးအဖွဲ့က စစ်ဆေးပါက မည်သည့် ထွက်ဆိုချက် တစုံတရာမှ မပေးဘူးလို့ ပြုလုပ်နေတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး CDM ဝန်ထမ်း ၈၅ ဦးက ကြေညာလိုက်ပါတယ်။

CDM ပြုလုပ်နေတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ဝန်ထမ်း ၈၅ ဦးကို စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး အရေးယူဖို့ လုပ်ဆောင်နေတဲ့အပေါ် အချက် ၆ ချက်ပါ သဘောထားထုတ်ပြန်ချက်ကို CDM ဝန်ထမ်းတွေ မနေ့က ထုတ်ပြန်ခဲ့တာပါ။

CDM ပြုလုပ်နေတဲ့ ဝန်ထမ်း ၈၅ ဦးကို စစ်ကောင်စီ သစ္စာခံတွေက အကြိမ်ကြိမ်ဖုန်းဆက်ပြီး မှတ်တမ်းယူတာ၊ သတိပေးတာ၊ တည်ဆဲဥပဒေတွေနဲ့ အရေးယူနိုင်ကြောင်းနဲ့ မိသားစုနောက်ကြောင်းလိုက်မယ်ဆိုပြီး ခြိမ်းခြောက်တာတွေဟာ ထိရောက်မှုရှိမှာမဟုတ်ကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် CDM မှာ ပါဝင်တာကြောင့် ကော်မရှင်ရဲ့ ပုံရိပ်ကျဆင်းတယ်ဆိုပြီး စွပ်စွဲပြောဆိုတာအပြင် စစ်ဆေးရေးအဖွဲ့ပါ ဖွဲ့လိုက်တာကြောင့် ကျီးလန့်စာစားဖြစ်နေရပြီး အလွန်စိတ်ပျက်မိကြောင်း  ထုတ်ပြန်ချက်က ဆိုပါတယ်။

ပြည်သူ့ဝန်ထမ်းကောင်းများ ဖြစ်တာကြောင့် ပြည့်သူ့အစိုးရ လက်အောက်မှာသာ တာဝန်ထမ်းဆောင်လိုပြီး စုံစမ်းစစ်ဆေးမှုလုပ်လာမယ်ဆိုရင် မည်သည့်ထွက်ဆိုချက်မှ လုပ်ဆောင်မှာ မဟုတ်ကြောင်း ဝန်ထမ်း ၈၅ ဦးရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှာ ဝန်ထမ်း စုစုပေါင်း ၃ဝဝ ဝန်းကျင်ရှိပြီး CDM ပြုလုပ်မယ့် ဝန်ထမ်းအရေအတွက် တိုးလာနိုင်တယ်လို့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013