DVB Logo
Home
မြန်မာသတင်း
အာဏာရှင်စနစ်ဆန့်ကျင်ရင်း အသက်ပေးခဲ့ရသည့် ကိုရာဇာမင်း ဈာပနကျင်းပ
DVB
·
March 5, 2021
အာဏာရှင်စနစ်ဆန့်ကျင်ရင်း အသက်ပေးခဲ့ရသည့် ကိုရာဇာမင်း ဈာပနကျင်းပ
1 / 4
Donate to DVB

ရန်ကုန်တိုင်းမြောက်ဥက္ကလာမှာ မတ်လ ၃ ရက်နေ့ညနေပိုင်း ဆန္ဒပြပွဲမှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် လက်မောင်း ကျည်ထိမှန်သူအား ဝင်ရောက်ဆွဲခေါ်စဉ် ဦးခေါင်းထိမှန် ကျဆုံးသွားခဲ့တဲ့ ကိုရာဇာမင်း (အသက် ၃၃ နှစ်) ရဲ့ ဈာပနကို ပြည်သူ သောင်းနဲ့ချီ လိုက်လံပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ကိုရာဇာမင်းဟာ ဇလွန်မြို့နယ်မှာ နေထိုင်သူဖြစ်ပြီး ရန်ကုန်မြို့က ကုမ္ပဏီတခုမှာ ယာဉ်မောင်း လု ပ်ကိုင်နေသူဖြစ်တယ်လို့ သိရပါတယ်။

ကိုရာဇာမင်းရဲ့ ဈာပနကို မတ်လ ၅ ရက်နေ့ မွန်းတည့် ၁၂ နာရီ အချိန်မှာ ဇလွန်မြို့နယ် ကျုံခမွန် ကျေးရွာနေအိမ်ကနေ သုသာန်ကို ပို့ဆောင်ရာလမ်းတလျှောက်မှာ ပြည်သူတွေက လက်သုံးချောင်းထောင်ပြီး လိုက်လံပို့ဆောင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013