DVB Logo
Home
မြန်မာသတင်း
CDM သူရဲကောင်းများအတွက် We Pledge CDM တွင် အဆိုပြုထားသည့်အလှူငွေများ လှူဒါန်းနိုင်
DVB
·
March 2, 2021
CDM သူရဲကောင်းများအတွက် We Pledge CDM တွင် အဆိုပြုထားသည့်အလှူငွေများ လှူဒါန်းနိုင်
1 / 14
Donate to DVB

စစ်တပ်အာဏာသိမ်း လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှု (Civil Disobedience Movement) မှာ ပါဝင်နေကြတဲ့ ဝန်ထမ်းတွေကို ထောက်ပံ့ကူညီဖို့ We Pledge CDM မှာ အဆိုပြုထားသူတွေအနေနဲ့ ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

We Pledge CDM အက်ပလီကေးရှင်းဟာ CDM လုပ်နေတဲ့ ဝန်ထမ်းတွေနဲ့ CDM ကို ကူညီပေးချင်ကြတဲ့ ပြည်သူတွေကြားပေါင်းကူးတံတားအနေနဲ့ ဆောင်ရွက်နိုင်တဲ့ ပ လက်ဖောင်းတခုဖြစ်ပြီး ရေရှည်အတွက် နည်းနည်းချင်း ပေးလှုသွားဖို့အတွက် ဖန်တီး ပေးထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က  နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင်တွေကို  စစ်တပ်က ဖမ်းဆီး အာဏာသိမ်းယူလိုက်ပြီး နောက်တနေ့မှာပဲ အာဏာဖီဆန်ရေးလှုပ်ရှားမှုကို ဆေးလောကသားတွေက စတင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ နိုင်ငံတဝန်းမြို့တွေမှာဌာန ပေါင်းစုံ ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်းပါဝင် လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံ မြို့နယ်ပေါင်း ၃၁၀ မြို့နယ်မှာ အစိုးရဝန်ထမ်းပေါင်း ၂၄,၀၀၀ ကျော်က အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတယ်လို့ https://cdm2021.com/en ဝက်ဘ်ဆိုက်ဒ်ပေါ်မှာ ဖော်ပြထားပါတယ်။CDM လူထုလှုပ်ရှားမှုမှာ ပါဝင်တဲ့ ပြည်သူ့ဝန်ထမ်း သူရဲကောင်းတွေကို ကူညီ ထောက်ပံ့ဖို့အတွက် https://cdmmyanmar.org/ မှာ ရန်ပုံငွေထည့်ဝင်ဖို့ အဆိုပြုထားသူတွေအနေနဲ့ လှူဒါန်းနိုင်မယ့် အဆင့်တွေကိုတော့ အောက်မှာ ပုံတွေနဲ့ ရှင်းလင်းလွယ်ကူအောင် မျှဝေပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013