DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံသတင်းထောက်များအတွက် မီဒီယာကောင်စီကို အကူအညီတောင်းရန် ဥပဒေ အကြံပေးပြော
DVB
·
March 1, 2021
ဖမ်းဆီးခံသတင်းထောက်များအတွက် မီဒီယာကောင်စီကို အကူအညီတောင်းရန် ဥပဒေ အကြံပေးပြော
1 / 9
Donate to DVB

အဖမ်းခံရတဲ့ သတင်းထောက်တွေပြန်လွတ်ဖို့ သတင်းမီဒီယာကောင်စီကို ဆက်သွယ် အကူအညီတောင်းဖို့ လိုတယ်လို့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောပါတယ်။

နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်တဲ့သပိတ်တွေမှာ သတင်းရယူရင်း အဖမ်းခံရတဲ့ သတင်းထောက်တွေ အမြန်ပြန်လွတ်ဖို့ဆိုရင် သက်ဆိုင်ရာသတင်းဌာနတွေက မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို ဆက်သွယ်ဖို့ လိုတယ်လို့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ဒီနေ့ ပြောပါတယ်။

ဦးခင်မောင်မြင့်ဟာ လတ်တလော အင်းစိန်ထောင်မှာ အဖမ်းခံထားရတဲ့ သပိတ်မှောက်ပြည်သူတွေ ပြန်လွတ်ရေးအတွက် ဆေင်ရွက်နေသူဖြစ်ပါတယ်။

အင်းစိန်အကျဉ်းထောင် ထောင်မှူးကြီး၊ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးနောက် ဦးခင်မောင်မြင့်က အခုလိုပြောဆိုလိုက်တာပါ။

“မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရဲ့ ဒေါက်တာမျိုးသန့်တင်ကို အကူအညီတောင်းလို့ ရပါတယ်။ နယ်က သတင်းထောက်တချို့ အဖမ်းခံရပြီးနောက်ပိုင်း သူ့ကို ဆက်သွယ်လိုက်တာနဲ့ ချက်ချင်းဆိုသလို ပြန်လွတ်ပါတယ်” လို့ ဦးခင်မောင်မြင့်ကပြောပါတယ်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥပဒေ ပုဒ်မ ၇ အရ သတင်းထောက်တွေဟာ လွတ်လပ်စွာ သတင်းရယူခွင့်ရှိပြီး ဖမ်းဆီးချုပ်နှောင်တာမျိုး ပြုလုပ်လို့မရပါဘူး။

ဒါပေမယ့် လတ်တလောအခြေအနေမှာ သတင်းဌာနတွေနဲ့ သတင်းထောက်တွေက စစ်ကောင်စီသြဇာခံတဲ့ သတင်းမီဒီယာကောင်စီအပေါ် ယုံကြည်မှုမရှိကြပါဘူး။ 

သတင်းမီဒီယာကောင်စီဝင်အများစုကလည်း စစ်ကောင်စီလက်အောက်မှာ အလုပ်မလုပ်ချင်တဲ့အတွက် သတင်းမီဒီယာကောင်စီကနေ နုတ်ထွက်ထားကြပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ စာရင်းတွေအရ သတင်းထောက် ၂၅ ဦးထက်မနည်း ဖမ်းဆီးခံထားရပြီး အဲ့ဒီအထဲက ၁၀ ဦးပဲ ပြန်လွတ်လာပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013