DVB Logo
Home
မြန်မာသတင်း
တိုင်းနှင့် ပြည်နယ်အသီးသီးမှ CDM ဝန်ထမ်းများ Viber မှ ဆက်သွယ် လစာထုတ်ယူနိုင်
DVB
·
March 1, 2021
တိုင်းနှင့် ပြည်နယ်အသီးသီးမှ CDM ဝန်ထမ်းများ Viber မှ ဆက်သွယ် လစာထုတ်ယူနိုင်
Donate to DVB

စစ်တပ်အာဏာသိမ်းလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှု(CDM) မှာ ပါဝင်နေကြတဲ့ တိုင်းနဲ့ ပြည်နယ်အသီးသီးက ဝန်ထမ်းတွေအနေနဲ့ သက်ဆိုင်ရာ Viber ဖုန်းနံပါတ်တွေကတဆင့် ဆက်သွယ်ကာ လစာထုတ်ယူနိုင်ကြောင်း We Support Heroes အဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဆိုပါ ထုတ်ပြန်ချက်ထဲမှာတော့ တိုင်း​ဒေသကြီးနဲ့ ပြည်နယ်တွေအလိုက် CDM စာရင်းတွေ လက်ခံနိုင်ဖို့အတွက် CRPH - CDM Supporting Team ရဲ့ Viber နံပါတ်တွေ ကို ဖော်ပြထားခဲ့ပြီး  CRPH - CDM Supporting Team ဟာ ရွေးကောက်ခံအစိုးရက ဖွဲ့စည်းထားတဲ့ တရားဝင်အဖွဲ့အစည်းဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

CDM ပြည်သူ့ဝန်ထမ်းတွေအ​နေနဲ့ စာရင်းတွေ​ပေးသွင်းတဲ့အခါ မိမိ​နေထိုင်ရာ​နေ ရပ်လိပ်စာအ​ပေါ်မှာ အ​ခြေမခံပဲ  မိမိတာဝန်ထမ်း​ဆောင်​နေ​တဲ့ မြို့အ​​ပေါ်မှာ အ​ခြေခံပြီး  ပြည်နယ်၊ တိုင်း​ဒေသကြီးအလိုက် ထုတ်ပြန်ထား​တဲ့ Viber နံပါတ်တွေကတဆင့်  စာရင်း​ပေးသွင်းကြဖို့လည်း ​မေတ္တာရပ်ခံထားတာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က  နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင်တွေကို  စစ်တပ်က ဖမ်း ဆီး အာဏာသိမ်းယူလိုက်ပြီး နောက်တနေ့မှာပဲ အာဏာဖီဆန်ရေးလှုပ်ရှားမှုကို ဆေး လောကသားတွေက စတင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ နိုင်ငံတဝန်းမြို့တွေမှာ ဌာန ပေါင်းစုံ ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်းပါဝင် လှုပ်ရှား နေကြတာ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံ မြို့နယ်ပေါင်း ၃၁၀ မြို့နယ်မှာ အစိုးရဝန်ထမ်းပေါင်း ၂၄,၀၀၀ ကျော်က အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတယ်လို့ https://cdm2021.com/en ဝက်ဘ်ဆိုက်ဒ်ပေါ်မှာ ဖော်ပြထားပါတယ်။

We Support Heroes အဖွဲ့ကတဆင့် တိုင်းဒေသကြီး ပြည်နယ်တွေအလိုက် ဆက်သွယ်နိုင်တဲ့ Viber ဖုန်းနံပါတ်တွေကိုတော့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

ရန်ကုန်တိုင်း​ဒေသကြီး - 09976871278

မန္တ​လေးတိုင်း​ဒေသကြီးနှင့် ရခိုင်ပြည်နယ် - 09456430690

စစ်ကိုင်းတိုင်း​ဒေသကြီး- 09252545716

ဧရာဝတီတိုင်း​ဒေသကြီးနှင့် ကရင်ပြည်နယ် - 09973014295, 09782673118

ပဲခူးတိုင်း​ဒေသကြီး၊ ကချင်ပြည်နယ်၊​ နေပြည်​တော် - 09783667074, 09980176021, 09787660415

ချင်းပြည်နယ်နှင့် ကယားပြည်နယ် - 09781354226

မ​ကွေးတိုင်း​ဒေသကြီး - 09797522357

မွန်ပြည်နယ်၊ တနင်္သာရီ  - 09425350140

ရှမ်းပြည်နယ် - 09797574880

ဖြည့်စွက် ​- ကိုယ်က စာရင်းမပေးဘဲနဲ့ အဖွဲ့အစည်းက မသိနိုင်တာမို့ စာရင်းသွင်းပေးကြပါနော်။ ကိုယ့်လစာ ကိုယ်ထုတ်တာမို့ ရဲရဲဝံ့ဝံ့ ထုတ်ယူပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013