DVB Logo
Home
မြန်မာသတင်း
မန္တလေးဆန္ဒပြသူများကို ပစ်ခတ်ဖြိုခွင်းမှုကြောင့် ၁ ဦးသေဆုံး၊ လူအချို့ အပြင်းအထန်ဒဏ်ရာရ
DVB
·
February 28, 2021
မန္တလေးဆန္ဒပြသူများကို ပစ်ခတ်ဖြိုခွင်းမှုကြောင့် ၁ ဦးသေဆုံး၊ လူအချို့ အပြင်းအထန်ဒဏ်ရာရ
1 / 6
Donate to DVB

မန္တလေးမြို့မှာ ဆန္ဒပြပြည်သူလူထုကို စစ်တပ်နဲ့ ရဲက မျက်ရည်ယိုဗုံးတွေ၊ ကျည်အစစ်တွေ သုံးကာ အကြမ်းဖက် ပစ်ခတ်နှိမ်နင်းရာမှာ ပြည်သူ ၁ ယောက်  ဦးနှောက်ပွင့်ထွက်သေဆုံးခဲ့ပြီး  ဆန္ဒပြသူ တချို့ ဒဏ်ရာရရှိသွားပါတယ်။

ဒီနေ့ နေ့လယ် ၂ နာရီ ထိုးခါနီးအချိန် ၆၄-၆၅ လမ်းကြား၊ ၄၁ လမ်းမှာ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် လူတစ်ဦး ဦးနှောက်ပွင့်ထွက်သွားတယ်လို့ သိရပါတယ်။

ရဲနဲ့ စစ်တပ်က နေ့လယ် ၂ နာရီခွဲအထိ မျက်ရည်ယိုဗုံးနဲ့ ကျည်အစစ်သုံးကာ ဆက်လက်ပစ်ခတ်ဖြိုခွင်းနေပြီး လူအချို့ ဒဏ်ရာ အပြင်းအထန် ရရှိခဲ့တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ပုဂ္ဂလိက ဆေးရုံတစ်ရုံကိုလည်း ပစ်ခတ်ခဲ့တာကြောင့် ပရဟိတအသင်းသားတစ်ဦး ကျည်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဒဏ်ရာသူတွေကို ပရဟိတအသင်းတွေက အရေးပေါ် ကုသမှုပေးနေတယ်လို့ ဆိုပါတယ်။

ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013