DVB Logo
Home
မြန်မာသတင်း
မကွေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ကျောင်းသားသမဂ္ဂတပ်ပေါင်းစု ဖွဲ့စည်း
DVB
·
February 26, 2021
မကွေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ကျောင်းသားသမဂ္ဂတပ်ပေါင်းစု ဖွဲ့စည်း
1 / 4
Donate to DVB

မကွေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကျောင်းသား သမဂ္ဂတပ်ပေါင်းစုစည်းကြောင်း ဖေဖော်ဝါရီလ ၂၅ ရက်နေ့ရက်စွဲနဲ့ တက္ကသိုလ်ကျောင်းသား သမဂ္ဂ ၇ ဖွဲ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ထုတ်ပြန်ချက်မှာ ကျောင်းသားသမဂ္ဂများဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ လမ်းမပေါ်ထွက် တိုက်ပွဲဝင်ခဲ့တာ အခုဆိုရင် ၂၀ ရက်ခန့်ရှိပြီဖြစ်ပြီး အာဏာသိမ်းစစ်အုပ်စုရဲ့ အမိန့်ဟူသမျှကိုဆန့်ကျင်ကာ လူထုနှင့်တစ်သားတည်းရပ်တည်ကာ အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် တပ်ဦးမှ ပါဝင်ခဲ့ကြတယ်လို့ဆိုပါတယ်။

ပြည်သူ့ဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှုဟာ အောင်မြင်နေသလို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကလည်း လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်နေကြောင်း CDM လှုပ်ရှားမှု၊ CRPH‌ နဲ့ လမ်းမပေါ်ရှိလူထုတိုက်ပွဲတွေ ဟန်ချက်ညီညီလှုပ်ရှားမှသာ တိုက်ပွဲအောင်မြင်မယ်လို့ ယူဆကြောင်း ထုတ်ပြန်ထားပါတယ်။

အားကောင်းနေတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ပိုမို အားကောင်းလာဖို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ကျောင်းသား သမဂ္ဂများ တပ်ပေါင်းစုအနေနဲ့ စစ်အာဏာရှင်အမြစ်ပြတ်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေး၊ စစ်မှန်သော ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်တပ်ရပ်ပေါ်ပေါက်ရေးတို့အတွက် တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်သူလူထုရဲ့ ဆန္ဒသဘောထားဖြစ်သော ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိမှတ်ပြုပေးဖို့၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် ဖမ်းဆီးခံနိုင်ငံရေးခေါင်းဆောင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

အဲဒီတပ်ပေါင်းစုမှာ မကွေးတက္ကသိုလ်၊ ဆေးတက္ကသိုလ်(မကွေး)၊ နည်းပညာတက္ကသိုလ် (မကွေး)၊ ကွန်ပျူတာတက္ကသိုလ်(မကွေး)၊ အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး)၊ မကွေးပညာရေး ကောလိပ်နဲ့ မကွေးစက်မှုလက်မှုသိပ္ပံ ကျောင်းသားသမဂ္ဂ (၇)ဖွဲ့နဲ့ ဖွဲ့စည်းလိုက်တာလို့ သိရပါတယ်။
သတင်း - မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013