DVB Logo
Home
မြန်မာသတင်း
မကွေးမြို့တွင် ရွှေဆိုင်ပိုင်ရှင်ကို သေနတ်ဖြင့်ပစ်ပြီး ရွှေများလုယူ
DVB
·
November 28, 2024
မကွေးမြို့တွင် ရွှေဆိုင်ပိုင်ရှင်ကို သေနတ်ဖြင့်ပစ်ပြီး ရွှေများလုယူ
1 / 2
Donate to DVB

မကွေးမြို့ မြင်သာရပ်ကွက် ရန်ပယ်စျေး မဲထီးလမ်းနဲ့သုခီတာလမ်းထောင့်က ချိုချိုရတနာရွှေဆိုင် ပိုင်ရှင်ကို နိုဝင်ဘာ ၂၈ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ အမည်မသိမျိုးသားနှစ်ယောက်က သေနတ်နဲ့ပစ်ပြီး ရွှေတွေလုယူခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ချိုချိုရတနာရွှေဆိုင်ကို ဒီနေ့ နေ့လယ် ၂ နာရီခွဲက အမည်မသိအမျိုးသားနှစ်ယောက် ဆိုင်ကယ်နဲ့ ရောက်လာပြီး ရွှေဝယ်ချင်ဟန်ဆောင်ကာ ရွှေထည်တွေထုတ်ပြနေချိန် ဆိုင်ရှင်ကို သေနတ်နဲ့ပစ်ပြီး မှန်ကောင်တာကိုရိုက်ခွဲကာ ရွှေတွေလုယူသွားတာလို့ ဒေသခံတယောက်က ပြောပါတယ်။

"ဒီနေ့နေ့ခင်းက ဝင်လုသွားတာ၊ ဆိုင်ရှင်ကို သေနတ်နဲ့ပစ်တာ လည်ပင်းထိသွားတယ်။ ဆေးရုံကို ပို့နေတဲ့အချိန် ရဲတွေရောက်လာတယ်။ အခုတော့ ဆိုင်ပိတ်ထားတယ်။” 

အဆိုပါလုယက်မှုဖြစ်စဥ်မှာ ဆိုင်ရှင်ဦးထွန်းထွန်းဦး လည်ပင်းမှာ ကျည်ထိမှန်ဒဏ်ရာရခဲ့ပြီး မကွေးဆေးရုံကြီးကို ပို့ဆောင်ကုသထားရကာ ရွှေဆိုင်မှ ကနဦးသတင်းအရ ရွှေငါးဆယ်သား ပါသွားတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

"ချိုချိုရတနာရွှေဆိုင်က ၂ ဆိုင်ရှိတာ၊ အခုအလုခံရတာ မဲထီးလမ်းက ရွှေဆိုင်။ မှန်ပုံးကို တူနဲ့ရိုက်ခွဲပြီးလုသွားတာ။ ရွှေငါးဆယ်ပါသွားတယ်လို့ ကနဦးသိရတယ်။ လုသွားတဲ့သူတွေကိုတော့ မမိဘူး။”

လတ်တလောမှာ လုယက်သူတွေကို မကွေးမြို့အတွင်း စစ်ကောင်စီတပ်နဲ့ရဲတွေက ပိတ်ဆို့ရှာဖွေနေပေမဲ့ အခုချိန်ထိ ဖမ်းမမိသေးပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက် ညနေကလည်း မကွေးဆေးရုံကြီးရှေ့ စိမ်းဆေးခန်းမှာ လုယက်မှုဖြစ်ခဲ့ပြီး  ဒုတိုင်းကျန်းမာရေးဦးစီးမှူး ဒေါက်တာစိမ်းမို့မို့ သေဆုံးကာ အကူသူနာပြုတယောက် ဒဏ်ရာရခဲ့တဲ့ ဖြစ်စဥ်လည်းရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013