DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်းစစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင် အစည်းအဝေး SNLD မတက်
DVB
·
February 24, 2021
အာဏာသိမ်းစစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင် အစည်းအဝေး SNLD မတက်
Donate to DVB

အာဏာသိမ်းစစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သစ်က ဖိတ်ခေါ်ထားတဲ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံအစည်းအဝေးပွဲကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD အနေနဲ့ မတက်ရောက်ဘူးလို့  ပါတီပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ ဒီကနေ့ကျင်းပတဲ့ စီအီးစီအစည်းအဝေးမှာ အလုပ်အမှုဆောင်တွေအကုန်လုံး တညီတညွတ်တည်းဆုံးဖြတ်ကြတာပေါ့နော်။ အဲဒါကြောင့် မတက်ဖြစ်တာ ၊ ဘာဖြစ်လို့မတက်တာ တုန်းဆိုတော့ အာဏာသိမ်းစစ်ကောင်စီရဲ့ ပြုမူလုပ်ဆောင်နေတဲ့ လုပ်ငန်းတွေဟာ ကျနော်တို့ SNLD ပါတီရဲ့ နိုင်ငံရေးရည်မှန်းချက် ၊ နိုင်ငံရေးရပ်တည်ချက်နဲ့ ဆန့်ကျင်ကွဲလွဲနေတဲ့အ အတွက်ကြောင့်မို့လို့  သူတို့ဖွဲ့ထားတဲ့ ယူအီးစီက ဖိတ်ကြားလာတဲ့အပေါ်မှာ ကျနော်တို့က မတက်ရောက်ဘူးလို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါတယ် ”။ 

လက်ရှိ နိုင်ငံတဝန်းမှာပေါ်ပေါက်နေတဲ့  စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုအပေါ်မှာလည်း SNLD ပါတီအနေနဲ့ ပြည်သူ လူထုရဲ့ ဆန္ဒကိုသာ အလေးထားပြီး လူထုဆန္ဒအတိုင်းပဲ ရပ်တည်တယ်လို့ ဦးစိုင်းလိတ်က   ဆက်ပြောပါတယ်။ 

“ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုက ၂ ပိုင်းရှိမှာပေါ့နော် CDM က အစိုးရ ဝန်ထမ်းတွေက လုပ်ငန်းမဆင်းဘဲနဲ့ ဆန္ဒပြတယ်။ ပြည်သူလူထုကလည်း ကျားမကြီးငယ်မရွေး အထွေထွေသပိတ်မှောက်တယ်။ လူတန်းစားပေါင်းစုံ လူမျိုးပေါင်းစုံ အလွှာပေါင်းစုံ ဆန့်ကျင် ကန့်ကွက်နေကြတာပေါ့နော်။  သူတို့အနေနဲ့ အာဏာရှင်စနစ်ကို မလိုလားလို့ ဆန့်ကျင်ဆန္ဒပြ နေ တဲ့ အပိုင်းပေါ့။ ကျနော်တို့ နိုင်ငံရေးပါတီအနေနဲ့ကျတော့ ကိုယ့်ရဲ့နိုင်ငံရေးရပ်တည်ချက်နဲ့လည်း မတူဘူး၊ လူထုရဲ့ဆန္ဒနဲ့လည်းမကိုက်ညီဘူးဆိုလို့ရှိရင် ကျနော်တို့က လူထုရဲ့ ဆန္ဒကိုပဲ အလေး ထားတယ် ၊ လူထုဆန္ဒအတိုင်းဘဲ ရပ်တည်သွားမယ်”

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က  ရွေးကောက်ပွဲသစ် ကျင်းပပေးမယ်လို့ ပြောထားတဲ့ အပေါ်မှာတော့ ဦးစိုင်းလိတ်က  “ရွေးကောက်ပွဲက ဘယ်နေမှန်းလဲမသိဘူး။ အဲဒီတော့ကြိုပြီးမှလည်း မှတ်ချက်မပေးချင်ပါဘူး။ အာဏာသိမ်းတဲ့စစ်ကောင်စီတိုင်းကတော့ ဒီတိုင်းပဲပြောကြတာပါပဲ။ ရွေးကောက်ပွဲကို တစ်နှစ်အတွင်းလုပ်ပေးမယ်၊ ၆ လ အတွင်းလုပ်ပေးမယ် စသဖြင့် အဆက်ဆက်အဲလိုပဲ ပြောပြု လာကြတာပါပဲ။ ဒါပေမဲ့ အဲဒါက ဆောက်ဖြစ်မှကျောင်း ဒကာပါ။ ”

SNLD ပါတီဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဖွဲ့စည်းခဲ့တဲ့ စစ်ကောင်စီးမှာ  ပါဝင်ဖို့ ကမ်းလှမ်းတာခံခဲ့ရပေမယ့်လည်း ပါတီမူဝါဒနဲ့မကိုက်ညီတာကြောင့်  ငြင်းပယ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013