DVB Logo
Home
မြန်မာသတင်း
ချောက်ရေနံမြေ CDM ဝန်ထမ်းများကို ထောက်ပံ့ငွေပေးအပ်
DVB
·
February 24, 2021
ချောက်ရေနံမြေ CDM ဝန်ထမ်းများကို ထောက်ပံ့ငွေပေးအပ်
1 / 8
Donate to DVB

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့ ရေနံမြေအထွေထွေပင်မသပိတ်စစ်ကြောင်းမှာ ပါဝင်တဲ့ CDM ဝန်ထမ်းအဖွဲ့ ၅ ဖွဲ့ကို ဖေးမကူညီလက်တွဲညီ ကမ်းလင့်လက်လူငယ်ဂီတအဖွဲ့က ဖေဖော်ဝါရီ ၂၄ ရက်မနက်ပိုင်းမှာ ထောက်ပံ့ငွေ  ပေးအပ်ခဲ့ပါတယ်။

အဆိုပါကမ်းလင့်လက်လူငယ်ဂီတာအဖွဲ့က ဂီတာတီးအလှူခံလို့ရတဲ့ ငွေကို CDM ပါဝင်ကြတဲ့ ပညာရေးအဖွဲ့၊ ကျန်းမာရေးအဖွဲ့၊ သဘင်ပညာရှင်အဖွဲ့၊ မြိုနယ်လျှပ်စစ်အဖွဲ့နဲ့ မြန်မာ့ရေနံ MOGE က အင်ဂျင်နီယာအဖွဲ့တို့ထံ ကျပ်  ၂ သိန်းကျပ်စီ  ပေးအပ်ခဲ့တာပါ။

CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ချောက်ရေနံမြေ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE လက်အောက်ဝန်ထမ်းတွေဟာ နေပြည်တော်ရုံးချုပ် ညွှန်ကြားရေးမှူးရဲ့ ဖိအားပေးမှုတွေလည်း  ရင်ဆိုင်‌နေရတယ်လို့ ဝန်ထမ်းတွေက ပြောပါတယ်။

ချောက်ရေနံမြေလုံးဆိုင်ရာ ပင်မသပိတ်စစ်ကြောင်းက အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြနေတာ  ဒီကနေ့ဆိုရင် ၁၈ ရက်မြောက်ရှိနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013