DVB Logo
Home
မြန်မာသတင်း
အာရှကူးစက်မှုအမြင့်ဆုံးအိန္ဒိယတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၁ သန်းကျော်ရှိလာ
DVB
·
February 23, 2021
အာရှကူးစက်မှုအမြင့်ဆုံးအိန္ဒိယတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၁ သန်းကျော်ရှိလာ
Donate to DVB

အာရှဒေသတွင်း နိုင်ငံတနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ သူပေါင်း ၁၁ သန်းကျော်ရှိလာခဲ့ပြီး ဒေသတွင်း ကူးစက်မှုနဲ့ သေဆုံးမှုအမြင့်ဆုံးနိုင်ငံအဖြစ် ရပ်တည်နေပါတယ်။

လက်ရှိအချိန်ထိ အိန္ဒိယနိုင်ငံမှာ ရောဂါကူးစက်ခံရပြီး သေဆုံးသူ ၁၅၆,၄၇၀ ယောက်နဲ့ ရောဂါပြန်လည်သက်သာလာသူအရေအ တွက် ၁၀ ဒသမ ၇ သန်းကျော် ရှိနေ တာပါ။

ကမ္ဘာတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၁၂ သန်း ကျော်ရှိနေပြီး သန်းနဲ့ချီကူးစက်ခံရတဲ့ နိုင်ငံပေါင်း ၂၁ နိုင်ငံထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

တကမ္ဘာလုံးအတိုင်းအတာနဲ့ ရောဂါကူးစက်ခံရပြီး သေဆုံးသူ ၂ ဒသမ ၄၈ သန်း ကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းလာသူအရေအတွက် ၈၇ ဒသမ ၄ သန်းကျော် ရှိနေ တာပါ။

ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၂၈ ဒသမ ၇ သန်းကျော်၊ သေဆုံးသူ ၅ သိန်းကျေိာ်နဲ့ ရှိနေပြီး သူ့နောက်မှာတော့ အိန္ဒိယ နိုင်ငံက ရှိနေတာ ဖြစ်ပါတယ်။

တတိယနေရာမှာတော့ ဘရာဇီးနိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၀ သန်း ကျော်၊ သေဆုံးသူ ၂ သိန်း ၄ သောင်းကျော်နဲ့ ထိပ်ဆုံး ၃ နိုင်ငံ အနေနဲ့ အသီးသီး ရပ်တည် နေပါတယ်။

အဲဒီ ၃ နိုင်ငံနောက်မှာတော့ ရုရှား၊ ယူကေနိုင်ငံတွေက ကူးစက်ခံရသူ ၄ သန်း ကျော်စီ၊ ပြင်သစ်နဲ့ စပိန်နိုင်ငံတွေက ကူးစက်ခံရသူ ၃ သန်းကျော်စီ၊ အီတလီ၊ တူရကီ၊ ဂျာ မနီ၊ ကိုလံဘီယာ၊ အာဂျင်တီးနား၊ မက္ကဆီကိုနိုင်ငံတွေက ကူးစက်ခံရသူ ၂ သန်းကျော်စီ ရှိနေတာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ပိုလန်၊ အီရန်၊ တောင်အာဖရိက၊ ယူကရိန်း၊ အင်ဒိုနီးရှား၊ ပီရူး၊ ချက်သမ္မတနိုင်ငံတွေနဲ့အတူ နယ်သာလန်နိုင်ငံမှာလည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ သူ အရေအတွက် ၁ သန်းကျော်လာခဲ့ပြီ ဖြစ်တာမို့ ခုချိန်ထိ ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရော ဂါ ကူးစက်ခံရသူဦးရေ ၁ သန်းကျော်လာခဲ့တဲ့ နိုင်ငံပေါင်း ၂၁ နိုင်ငံထိ ရှိလာခဲ့ပြီလို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။

ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အ ရေအတွက် ၈၉,၈၄၂ ယောက်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၆ ယောက်နဲ့ နိုင်ငံအလိုက် အ မှတ်စဉ် ၈၄ နေရာထိ ကျဆင်းသွားခဲ့ပါတယ်။

အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အမြင့် ဆုံး အိန္ဒိယ၊ တူရကီ၊ အီရန်၊ အင်ဒိုနီးရှားနိုင်ငံတွေပြီးရင် အစ္စရေးနိုင်ငံက ရောဂါကူး စက်ခံရသူဦးရေ ၇ သိန်းခွဲကျော်၊ အီရတ်နိုင်ငံက ရောဂါကူးစက်ခံရသူဦးရေ  ၆ သိန်း ၇ သောင်းကျော်စီနဲ့ အသီးသီး ရှိနေပါတယ်။

အာဆီယံနိုင်ငံတွေထဲမှာတော့ အင်ဒိုနီးရှားနိုင်ငံပြီးရင် ဖိလစ်ပိုင်နိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၅ သိန်း ၆ သောင်းကျော်နဲ့ သေဆုံးသူ ၁၂,၀၉၄ ယောက်နဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။

မြန်မာနိုင်ငံမှာတော့ ဖေဖော်ဝါရီ ၂၂ ရက်ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြု လူနာစုစုပေါင်း ၁၄၁,၇၆၁ ယောက်၊ သေဆုံး သူ ၃,၁၉၇ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရ သူပေါင်း ၁၃၁,၃၁၈ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး အာဆီယံနိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးမှုအများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။

မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂၈၅,၇၆၁ ယောက်နဲ့ သေဆုံးသူ ၁,၀၆၂ ယောက် ရှိပါတယ်။

စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၅၉,၈၇၉ ယောက်နဲ့ ခု ရက်ပိုင်း သေဆုံးသူအရေအတွက် ထပ်တိုးမလာဘဲ ၂၉ ယောက် ရှိနေတာ ဖြစ်ပါတယ်။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၂၅,၅၀၄ ယောက်နဲ့ သေဆုံးသူ ၈၃ ယောက် ရှိနေပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂,၃၉၂ ယောက်နဲ့ သေဆုံးသူအရေအတွက် ခုရက်ပိုင်းမှာ တိုးမလာဘဲ ၃၅ ယောက် ရှိနေပြီး ဘရူနိင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၈၅ ယောက်နဲ့ သေဆုံးသူ ၃ ယောက် ရှိနေတာပါ။

ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေ အတွက် ၅၆၈ ယောက်နဲ့  ၄၅ ယောက်စီ အသီးသီးရှိနေပေမယ့် သေဆုံးလူနာ ခုချိန်ထိ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013