DVB Logo
Home
မြန်မာသတင်း
MRTV နှင့် MRTV Live စာမျက်နှာတို့ကို ဖေ့စ်ဘွတ်ခ်က ဖယ်ရှား
DVB
·
February 22, 2021
MRTV နှင့် MRTV Live စာမျက်နှာတို့ကို ဖေ့စ်ဘွတ်ခ်က ဖယ်ရှား
Donate to DVB

အကြမ်းဖက်မှုနဲ့ အားပေးလှုံ့ဆော်မှု မူဝါဒစံနှုန်းတွေကို ဖောက်ဖျက်ပြီး အာဏာသိမ်းစစ်ကောင်စီရဲ့ သတင်းအာဘော်တွေကို ဖော်ပြနေတဲ့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား MRTV နဲ့ MRTV Live စာမျက်နှာတို့ကို ဒီနေ့ ဖေ့စ်ဘွတ်ခ် ဆိုရှယ်မီဒီယာပလက်ဖောင်းကနေ ဖယ်ရှားလိုက်ပါတယ်။

ဒါနဲ့ပတ်သက်လို့ “ကမ္ဘာတဝန်းလုံးဆိုင်ရာ မူဝါဒတွေနဲ့အညီ Facebook မှာ တားမြစ်ထားတဲ့ အကြမ်းဖက်မှုနဲ့ အားပေးလှုံ့ဆော်မှု မူဝါဒအပါအဝင် လူမူစံနှုန်းတွေကို ထပ်ကာထပ်ကာ ဖောက်ဖျက်မှုတို့ကြောင့် MRTV နဲ့ MRTV Live စာမျက်နှာတွေကို Facebook ကနေ ဖယ်ရှားလိုက်ပါတယ်” လို့ ဖေ့စ်ဘွတ်ခ် ကုမ္ပဏီရဲ့ အာရှပစိဖိတ်ဒေသ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ပြည်သူ့‌ရေးရာ မူဝါဒဆိုင်ရာ ဒါရိုက်တာ Rafael Frankel (ရာဖယ်လ် ဖရန်ကယ်လ်)က ထုတ်ပြန်ပြောကြားပါတယ်။ 

ဖေဖော်ဝါရီ ၂၁ ရက်နေ့တုန်းကလည်း တပ်မတော်ရဲ့ သတင်းတွေကို အစဉ်တစိုက် ထုတ်ပြန်နေတဲ့ တပ်မတော် သတင်းမှန်ပြန်ကြားရေး ဖေ့စ်ဘွတ်ခ်စာမျက်နှာကို “အကြမ်းဖက်မှု လှုံ့ဆော်ခြင်းနဲ့ ထိခိုက်မှုဖြစ်အောင် စုစည်းကြံစည်ခြင်း မူဝါဒတွေကို ထပ်ကာထပ်ကာ ဖောက်ဖျက်မှုတို့ကြောင့်” ဖေ့စ်ဘွတ်ခ်ကနေ ဖယ်ရှားခဲ့ပါသေးတယ်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ဖေ့စ်ဘွတ်ခ်ကို ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ညွှန်ကြားချက်နဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့ကတည်းက ပိတ်ပင်ထားခဲ့ပေမယ့် တပ်မတော်သတင်းမှန်နဲ့ MRTV စာမျက်နှာတွေကို ဆက်လက်သုံးစွဲခဲ့တဲ့အပြင် တိုက်ရိုက်ထုတ်လွှင့်မှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။ 

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သတင်းတွေ ပုံမှန်မတင်နိုင်တော့ဘဲ သတင်းမှားဖြစ်တယ်ဆိုတဲ့ ပို့စ်တွေကိုပဲ တင်နေခဲ့တာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013