DVB Logo
Home
မြန်မာသတင်း
ဖေ့စ်ဘွတ်ခ်တွင် ရခိုင်သတင်းများ မျှဝေသည့် စစ်တွေဒေသခံ ၂ ဦးကို စစ်ကောင်စီ အမှုဖွင့်
DVB
·
December 5, 2023
ဖေ့စ်ဘွတ်ခ်တွင် ရခိုင်သတင်းများ မျှဝေသည့် စစ်တွေဒေသခံ ၂ ဦးကို စစ်ကောင်စီ အမှုဖွင့်
Donate to DVB

ရခိုင်သတင်းမီယာတွေမှာ ဖော်ပြတဲ့ သတင်းတွေကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ Share လုပ်တဲ့ စစ်တွေဒေသခံနှစ်ယောက်ကို  စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅ဝ၅(က) နဲ့ အမှုဖွင့် တရားစွဲတင်ထားကြောင်း ရခိုင်ပြည်နယ်အစိုးပိုင် ရခိုင်နေ့စဥ်သတင်းစာမျက်နှာမှာ ဒီဇင်ဘာ ၅ ရက် ဒီနေ့မနက်က ဖော်ပြပါတယ်။

စစ်တွေဒေသခံတဦးက “သူတို့အစိုးရအဖွဲ့ Page မှာတော့ လူမှုကွန်ရက်မှာ မဟုတ်မမှန်တဲ့ သတင်းတွေ ရေးသားနေတဲ့အတွက် အရေးယူတာလို့တော့ ရေးသားထားတယ်ဗျ။ နောက်ပြီး ရခိုင်သတင်းသတင်းမီယာတွေမှာ ဖော်ပြတဲ့ သတင်းတွေကို ဖြန့်ဝေသူ၊ မှတ်ချက်ရေးသားသူတွေကို မှတ်တမ်းလုပ်ထားတယ်။ ပြည်ပကလူတွေဆိုလည်း ဗီဇာသက်တမ်းတိုးတဲ့အချိန်မှာ ဖမ်းဆီးအရေးယူမယ်ဆိုပြီး ထုတ်ပြန်ထားတာတွေ ရှိတယ်ဗျ”လို့ ပြောပါတယ်။

ဖမ်းဆီးအမှုဖွင့်ခံထားသူတွေကတော့ စစ်တွေမြို့၊ လမ်းမတော်မြောက်ရပ်ကွက်နေ ကိုကျော်နိုင်လင်းနဲ့ စစ်တွေမြို့၊ ရဲနွယ်စုရပ်ကွက်နေ စောခင်အေး(ခ)အဘု တို့ဖြစ်ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅ဝ၅(က) နဲ့ အမှုဖွင့် တရားစွဲဆိုထား​တာပါ။

သတင်းမီယာတွေမှာ ဖော်ပြတဲ့ သတင်းတွေကို ဖြန့်ဝေသူ၊ မှတ်ချက်ရေးသားသူ၊ LIKE ပေးသူတွေကို ဖမ်းဆီးအရေးယူတာတွေကို စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ပြုလုပ်လာနေတာ ဖြစ်ပါတယ်။

ပြည်သူတွေအနေနဲ့ လူ့အခွင့်အရေးအရ သတင်းအချက်အလက်တွေကို လွတ်လပ်စွာ ရေးသားဖြန့်ဝေပိုင်ခွင့်ရှိတယ်လို့ ရခိုင်ဥပဒေပညာရှင်တဦးက ပြောပါတယ်။

“ဒီလို ဖမ်းဆီးမှုတွေက နစကလက်ထက်မှာမှ ပေါ်လာတာ။ သတင်းတခုကို Comment နဲ့ Share လုပ်တဲ့သူတွေသာမကဘူးဗျ၊ Like လုပ်တဲ့သူတွေကိုတောင် ဖမ်းဆီးတာတွေ ရှိနေတယ်။ ဒါတွေက သတင်းမီဒီယာဥပဒေတွေသာမက ၂၀၀၈ အခြေခံဥပဒေအရလည်း ဘာမှကိုက်ညီတာ မရှိဘူး။ သူတို့ လုပ်ချင်သလို လုပ်လို့ရတယ်ဆိုတာ ပြသတဲ့ သဘောလောက်ပါ။”

ရခိုင်ပြည်နယ်အခြေစိုက် Western News, Narinjara, Development Media Group, Border News Agency, Arakan Bay News – ABN, Cuckoo Chay Vlog, Arakan Princess Media, Voice Of Westland, One Nation News စတဲ့ မီဒီယာတွေမှာ မှတ်ချက်ရေးသားခြင်း၊ မျှဝေခြင်း၊ Copy ယူပြီး ထပ်ဆင့်မျှဝေခြင်း ပြုလုပ်နေသူတွေကို အရေးယူဖို့ စစ်ကောင်စီက စာရင်းပြုစုနေ​ပြီး ပြည်ပမှာ နေထိုင်နေသူတွေဖြစ်ပါကလည်း ဗီဇာသက်တမ်းတိုးတဲ့အချိန်မှာ ဖမ်းဆီး အရေးယူဖို့ ဆောင်ရွက်နေကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013