DVB Logo
Home
မြန်မာသတင်း
ဘယ်သူလာဖမ်းဖမ်း CDM ဆက်လုပ်ကြပါ - သရုပ်ဆောင်ဖွေးဖွေး
DVB
·
February 21, 2021
ဘယ်သူလာဖမ်းဖမ်း CDM ဆက်လုပ်ကြပါ - သရုပ်ဆောင်ဖွေးဖွေး
Donate to DVB

ဘယ်သူလာဖမ်းဖမ်း CDM ဆက်လုပ်ကြဖို့ သရုပ်ဆောင်ဖွေးဖွေးက သူ့ဖေ့စ်ဘွတ်ခ်ကတဆင့် တိုက်တွန်းလိုက်ပါတယ်။ 

မနေ့ညက သရုပ်ဆောင်လူမင်း ဖမ်းခံရပြီးနောက် သူတို့လည်း အချိန်မရွေးဖမ်းခံရနိုင်တယ် ဆိုပြီး ဒီနေ့ စစ်အာဏာရှင်ကို ဆန့်ကျင်နေသူအတွက် ထောပတ်ထမင်း ဝေငှဖို့ ပြင်ဆင်နေတဲ့ပုံနဲ့အတူ ရေးသားလိုက်တာပါ။

သူရေးထားတာကတော့ 

“ဦးလူမင်း ပါသွားပါပြီ...

​ဖွေးတို့လဲအချိန်မ​ရွေး ပါနိုင်ပါတယ်..

​ဘယ်သူလာဖမ်းဖမ်း CDM ဆက်လုပ်ကြပါ !

တကယ် ထိ​ရောက်ပါတယ်

ရုံးမတက်ကြပါနဲ့​တော့ !!!!

​အသက်​ပေးဆပ်ခဲ့ရတဲ့ လူငယ်​လေး​တွေ  လူ​ကြီးတွေ အတွက်လဲ ကြိတ်မနိုင်ခဲမရ မျက်ရည်ကျရတယ် ...

ဘာပဲ ဖြစ်ဖြစ် ဒီတခါ အမှန်တရား ကို အမှားတရားက နိုင်လို့မရဘူး...

စစ်အာဏာရှင်ကျဆုံးပါ​စေ !

မြန်မာပြည်သူပြည်သားများ ငြိမ်းချမ်းစွာ အိပ်နိုင် နိုးထနိုင်တဲ့ ​ခေါင်း​ဆောင်​ကောင်း​တွေ လက်ထဲ အမြန်ပြန်​ရောက်ပါ​စေ!

​ကြောက်​ခေတ်ကိုပြန်မသွား​ကြေး!

ယ​နေ့ အလှူ ​ထောပတ်ထမင်းနဲ့ ကြက်သားဟင်း

၁၄၄ ပွဲ!

I hope that People don’t react and can get some help from international..

Once people react with violence,  military can announce the detainment and will

Get worse...

အရေးတော်ပုံ အောင်ရမည်!!!!!!

​အကြမ်းမဖက် ဆန္ဒ ဆက်ပြမယ့် လူများ, CDM ဝန်ထမ်းများကို​လေးစားလျက် ....

​ဖွေး​ဖွေး”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013