DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်ဆန့်ကျင်ရေး သစ်သီးဝလံ၊ စားသောက်ဖွယ်ရာများဖြင့် ပုံဖော် ဆန္ဒပြ
DVB
·
February 19, 2021
စစ်အာဏာရှင်ဆန့်ကျင်ရေး သစ်သီးဝလံ၊ စားသောက်ဖွယ်ရာများဖြင့် ပုံဖော် ဆန္ဒပြ
Donate to DVB

မြန်မာစားဖိုမှူးပရဟိတအသင်း  MYANMAR CHEF PHILANTHROPY ရဲ့စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့က မန္တလေးမြို့မှာ ပြုလုပ်ခဲ့ပါတယ်။

လမ်း၃၀၊၆၀-၆၂လမ်းကြားမှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲမှာ Justice for Myanmar၊ CDM စတဲ့ စာတမ်းတွေကို စားသောက်ဖွယ်တွေနဲ့ ပုံဖော် ရေးသားခဲ့ကြပါတယ်။

ဒါ့အပြင် ဖရဲသီးပေါ်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံနဲ့ Justice for Myanmar၊ CDM စာတမ်းတွေကိုလည်း ရေးသားပုံဖော်ခဲ့တယ်လို့ သိရပါတယ်။

“အဓိကကတော့ စစ်အာဏာရှင်ကို တော်လှန်ရေးပေါ့။ ကျနော်တို့ ပေးထားတဲ့ မဲက ကျနော်တို့ NLDကို ပေးခဲ့တယ်။ ဒါပေမဲ့ ကျနော်တို့ ပေးတဲ့ မဲကို သူတို့က အလေးမထားပဲနဲ့ အာဏာအလွဲသုံးစားမှုလုပ်တဲ့အနေနဲ့ သူတို့ အာဏာသိမ်းလိုက်တယ်။ အဲ့ဒီအပေါ်မှာ ကျနော်တို့ ပညာနဲ့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တာ" လို့ ဦးဆောင်တဲ့ Chef တစ်ဦးက ပြောပါတယ်။

ထိန်ထိန်လင်း၊ ဓာတ်ပုံ-chef

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013