ပဲခူးတိုင်း သာယာဝတီခရိုင် မင်းလှမြို့နယ်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ၁၁ ရက်မြောက်နေ့အဖြစ် အင်အား ထောင်နဲ့ချီ ဆန္ဒပြခဲ့ကြပါတယ်။
အရင်ရက်တွေက ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က လုံခြုံရေးအဖြစ် မင်းတန်းလမ်းမှာ ပိတ်ဆို့ထားတာတွေ ရှိခဲ့ပေမယ့် ဖေဖော်ဝါရီ ၁၅ ရက်နေ့က စတင်ပြီး လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေ မတွေ့ရှိရတော့ပါဘူး။
အရင်ရက်တွေက ကျေးရွာလူထုက အင်အားသောင်းချီပြီး ပူးပေါင်းပါဝင်ခဲ့ကြပေမယ့် အခု နောက်ပိုင်းရက်တွေမှာ ဆောင်းသီးနှံ ရိတ်သိမ်းချိန် ဖြစ်လာတာကြောင့် အင်အား အနည်းငယ်သာ လာရောက်ပူးပေါင်းတာကို တွေ့ရပါတယ်။
ဒီနေ့အချိန်ထိ မင်းလှမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ဖမ်းဆီးတာ မရှိသေးပါဘူး။
စစ်အာဏာဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်သူတွေဟာ မနက် ၉ နာရီခွဲလောက်မှ စတင်စုဝေးပြီး မင်းလှမြို့ လူစည်ကားရာလမ်းမတွေပေါ်မှာ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြပြီး ၁၁ နာရီခွဲလောက်မှာ လူစုခွဲခဲ့ကြပါတယ်။
သက်နိုင်ဝင်း