DVB Logo
Home
မြန်မာသတင်း
ကြေးမုံ၊ မြန်မာ့အလင်း သတင်းစာ CDM ဝန်ထမ်းများကို ငွေကျပ် ၆၅ သိန်းထောက်ပံ့
DVB
·
February 17, 2021
ကြေးမုံ၊ မြန်မာ့အလင်း သတင်းစာ CDM ဝန်ထမ်းများကို ငွေကျပ် ၆၅ သိန်းထောက်ပံ့
Donate to DVB

စစ်တပ်အာဏာသိမ်းလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement) မှာ ပါဝင်လာကြတဲ့ အစိုးရထုတ် ကြေးမုံ၊ မြန်မာ့အလင်း သတင်းစာတိုက်ဝန်ထမ်းတွေကို ငွေကျပ် ၆၅ သိန်း ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး CDM ဝန်ထမ်းတွေကို ထောက်ပံ့ကူညီပေးနေတဲ့ 21 Savage MM ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်ပေါ်မှာ ဖေဖော်ဝါရီ ၁၅ ရက်က ဖော်ပြထားခဲ့တာပါ။

“သတင်း​ပြန်ကြားရေးအတွက် အဓိကမဏ္ဍိုင်တွေဖြစ်ကြတဲ့ သတင်းစာဌာနတွေကလည်း ပြည်သူတွေနဲ့အတူ CDMမှာ ပါဝင်နေကြပါပြီ။ ဒီနေ့မှာဆိုရင်တော့ ကြေးမုံသတင်းစာ (ရန်ကုန်နဲ့ နေပြည်တော်)၊ မြန်မာ့အလင်းနဲ့ သတင်းစဉ်ဌာနတို့မှ ပြည်သူတွေနဲ့အတူ CDM မှာ ဦးဆောင်လှုပ်ရှားပေးနေကြတဲ့ ပြည်သူ့ဝန်ထမ်း သူရဲကောင်းများအတွက် ကျေးဇူးတင် ဂုဏ်ပြုထောက်ပံ့ငွေ ၆၅ သိန်းကျပ် ပေးအပ်နိုင်ခဲ့တဲ့အတွက် အလှူရှင်များအားလုံးနဲ့အတူ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။”

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်အစောပိုင်းက သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင်ပိုင်းတချို့ကို စစ်တပ်က ဖမ်းဆီးလိုက်ကာ နိုင်ငံတော် အာဏာသိမ်းယူလိုက်ပြီး နောက်တနေ့မှာပဲ အာဏာဖီဆန်ရေးလှုပ်ရှားမှုကို ဆေးလောကသားတွေက စတင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ နိုင်ငံနဲ့အဝန်း မြို့တွေမှာ တခြားကဏ္ဍ အသီးသီးက ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်းပါဝင် လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံ မြို့နယ်ပေါင်း ၂၆၈ မြို့နယ်မှာ အစိုးရဝန်ထမ်းပေါင်း ၁၄,၀၀၀ ကျော်က အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement) မှာ ပါဝင်နေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013