Home
မြန်မာသတင်း
မင်းလှမြို့နယ်ဆေးရုံရှေ့တွင် လူစုလူဝေးဖြစ်ပေါ်
DVB
·
February 16, 2021
Min Hla Hopsital CDM
Min Hla Hopsital CDM 1

ပဲခူးတိုင်း၊ သာယာဝတီခရိုင် မင်းလှမြို့နယ်မှာ ဖေဖော်ဝါရီ ၁၅ ရက် ညနေ ၅ နာရီခွဲ လောက်မှာ မင်းလှမြို့နယ်ဆေးရုံကို မြို့နယ်အုပ်ချုပ်ရေးမှူး၊ လဝကဦးစီးအပါအဝင် မင်းလှမြို့နယ် သံဃနာယက ဆရာတော်ကြီးတွေလာရောက်ပြီး CDM လုပ်နေတဲ့ မင်းလှဆေးရုံအုပ်ကြီး ဒေါက်တာလှဝင်းကို အရေးပေါ်လူနာတွေ ကုသစောင့်ရှောက်ပေးဖို့ ဆွေးနွေးခဲ့ပါတယ်။

မင်းလှမြို့နယ် ပြည်သူတွေကလည်း ဆရာဝန်ကြီးကို စစ်တပ်က ဖမ်းဆီးဖို့ လာရောက်ခေါ်ဆောင်တယ်လို့ ထင်မြင်တဲ့အတွက် ဆေးရှံရှေ့မှာ လူစုလူဝေးနဲ့ သွားရောက်တားဆီး ခဲ့ပါတယ်။

မြို့နယ်သံဃနာယက ဆရာတော် ၄၊ ၅ ပါး ‌လာရောက်ပြီး အရေးပေါ်လူနာတွေ လာတဲ့အခါကြည့်ရူစောက်ရှောက်ပေးဖို့ မေတ္တာရပ်ခံခဲ့တာဖြစ်ပြီး   ဆရာဝန်ကြီးကလည်း အရေးပေါ်လူနာတွေကို လက်ခံကုသပေးနေကြောင်းပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

သံဃနာယကဆရာတော်ကြီးတွေနဲ့ အတူလိုက်ပါသွားတဲ့ မင်းလှမြို့နယ်ဓမ္မာရုံဥက္ကဋ္ဌ ဦးဝင်း မြင့်က “စစ်တပ်ကလူ‌တွေ မပါဘူး။ သံဃနာယက ဆရာတော်ကြီး‌တွေက မြို့နယ်ကျန်းမာရေး အတွက် ဆေးရုံကိုသွားရောက်ပြောဆိုတာ” လို့  ဆိုပါတယ်။

ညနေ ၆ နာရီခွဲလောက်မှာတော့ ကားတွေပြန်လည်ထွက်ခွာသွားဖို့ လုပ်ဆောင်နေပြီး ပြည်သူလူထုက ပိတ်ထားတဲ့အတွက် ဆရာဝန်ကြီးက သူပါမသွားကြောင်း   ဆေးရုံဝင်ထဲက ပြောဆိုနေတာ တွေ့ရပါတယ်။ ဒီနောက်  ပြည်သူလူထုက လမ်းရှင်းပေးပြီး လုစုခွဲခဲ့ကြတာတွေ့ရပါတယ်။ 

မင်းလှမြို့နယ်မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့  ကျန်းမာရေး ဝန်ထမ်း အများစု CDM လှုပ်ရှားမှု ပြုလုပ်နေကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024