တောင်တွင်းကြီးတွင် လူထုသိန်းချီ ဆက်လက်ဆန္ဒပြ
DVB
·
February 13, 2021

1 / 6
တောင်တွင်းကြီးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ၆ ရက်မြောက်အဖြစ် ဒီနေ့မနက်ပိုင်းက ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ လူထုလူတန်းစား အလွှာအသီးသီး ဒေသခံပြည်သူသိန်းနဲ့ချီပြီး မြို့ပေါ်လမ်းမကြီးတွေပေါ် ဆန္ဒပြကြပါတယ်။
ဝန်ထမ်းတွေကလည်း CDM လှုပ်ရှားမှုမှာပါဝင်လာကြပြီး စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြပြည်သူတွေလည်း တနေ့တခြား များပြားလာကြောင်း သိရပါတယ်။










