DVB Logo
Home
မြန်မာသတင်း
CDM တွင် ပါဝင်ခဲ့သည့် တောင်တွင်းကြီး ထွေအုပ်ဝန်ထမ်းနှစ်ဦး တာဝန်မှ ယာယီရပ်ဆိုင်းခံရ
DVB
·
February 13, 2021
CDM တွင် ပါဝင်ခဲ့သည့် တောင်တွင်းကြီး ထွေအုပ်ဝန်ထမ်းနှစ်ဦး တာဝန်မှ ယာယီရပ်ဆိုင်းခံရ
Donate to DVB

အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပါဝင်ခဲ့တဲ့ တောင်တွင်းကြီးမြို့က ထွေအုပ်ဝန်ထမ်းနှစ်ဦး တာဝန်မှာ ယာယီရပ်ဆိုင်း ခံခဲ့ရပါတယ်။

နိုင်ငံ့ဝန်ထမ်းတွေဟာ ဖဲကြိုးနီ၊ CDM လှုပ်ရှားမှုတွေမှာ ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက်မှာ ဖော်ပြတာ၊ အကြောင်းအမျိုးမျိုးပြ လုပ်ငန်းခွင့်မလာဘဲ ပျက်ကွက်တာ၊ နိုင်ငံရေးလှုပ်ရှားမှုမှာ ဆက်နွှယ်ပါဝင် ပတ်သက်နေတာကြောင့် အခုလို တာဝန်က ယာယီရပ်ဆိုင်းလိုက်တာလို့ အုပ်ချုပ်ရေးမှူးလက်မှတ်နဲ့ မနေ့က အမိန့်စာမှာ ဖော်ပြထားပါတယ်။

အကြီးတန်းလက်နှိပ်စက်စာရေး ဦးစိုးပြည့်အောင်နဲ့ အငယ်တန်းစာရေး ဦးစိုးမင်းထွန်းတို့ကို နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၃၈၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ ၁၆၁(ဃ) နဲ့ ၁၆၃(ဖ) တို့အရ တာဝန်က ယာယီရပ်ဆိုင်းလိုက်တာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013