DVB Logo
Home
မြန်မာသတင်း
အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု ထောက်ခံပွဲ တိုကျိုမြို့ ကုလရုံးရှေ့ ပြုလုပ်
DVB
·
February 13, 2021
အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု ထောက်ခံပွဲ တိုကျိုမြို့ ကုလရုံးရှေ့ ပြုလုပ်
1 / 7
Donate to DVB

ဇော်ဇော်လှိုင်

မြန်မာနိုင်ငံအတွင်းက အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှုကို ထောက်ခံကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားခေါင်းဆောင်တွေကို အမြန်ဆုံးလွှတ်ပေးဖို့ ဂျပန်နိုင်ငံ တိုကျိုမြို့ ကုလသမဂ္ဂရုံးရှေ့မှာ မနေညက မြန်မာနိုင်ငံသားတွေ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

CDM လှုပ်ရှားမှု ထောက်ခံကြောင်း ဆန္ဒပြပွဲမှာ ဂျပန်ရောက်မြန်မာနိုင်ငံသား ၁၅၀၀ ကျော် လာရောက်ပူးပေါင်းခဲ့ကြပါတယ်။

ဆန္ဒပြပွဲမှာ ကူညီပေးသူ ပညာတော်သင်ကျောင်းသူတဦးဖြစ်တဲ့ မပန်းပြည့်ပြည်ဖုန်းက “အခုကျမတို့ ဂျပန်ရောက်မြန်မာနိုင်ငံသားတွေက မြန်မာပြည်တွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး CDM အကြမ်းမဖက်လှုပ်ရှားမှု ဆောင်ရွက်နေသူများကို ထောက်ခံပြီး လေးစားဂုဏ်ယူလို့ မိမိတို့တတ်နိုင်တဲ့ဘက်က အားလုံးစုပေါင်းပြီး အကူအညီပေးဖို့ စတင်ဆောင်ရွက်နေတယ်” လို့ ပြောပါတယ်။

ဆန္ဒပြပွဲအပြီးမှာ ဂျပန်ကုလရုံးတာဝန်ခံမှတဆင့် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဆီ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ဖမ်းဆီးထားသူတွေအားလုံး လွတ်မြောက်ရေး အမြန်ဆုံးကူညီပေးဖို့၊ အာဏာသိမ်းမြန်မာစစ်တပ်ကို အမြန်ဆုံးအရေးယူပေးဖို့ စတာတွေပါဝင်တဲ့ တောင်းဆိုစာကို ပေးအပ်ခဲ့ပါတယ်။

ဆန္ဒပြပွဲလာသူတွေက ဖယောင်းတိုင်မီးတွေ ကိုင်ဆောင်ကာ အမေစုနဲ့ သမ္မတကြီး အမြန်ဆုံးလွတ်မြောက်ပါစေလို့ ဆုတောင်းခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013