DVB Logo
Home
မြန်မာသတင်း
ငွေဆောင်နယ်​မြေ ​ရဲစခန်းမှူး အာဏာဖီဆန်ရေးလှူပ်ရှားမှုတွင် ပူးပေါင်းပါ၀င်​
DVB
·
February 13, 2021
ငွေဆောင်နယ်​မြေ ​ရဲစခန်းမှူး အာဏာဖီဆန်ရေးလှူပ်ရှားမှုတွင် ပူးပေါင်းပါ၀င်​
Donate to DVB

မင်းထက်မုန်း

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ဧရာဝတီတိုင်းက ရဲအရာရှိ ၁ ဦး စတင်ပါဝင်လာခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧရာဝတီတိုင်း​ဒေသကြီး၊ ငွေဆောင်မြို့ နယ်​မြေရဲစခန်းမှူး ရဲအုပ်ညီညီနိုင်​ဟာ CDM အစီအစဉ်​မှာ ပူးပေါင်းပါဝင်လာတဲ့အပြင် ရဲတပ်ဖွဲ့ကပါ တပါတည်း နုတ်ထွက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

"သူက CDM အစီအစဉ်​မှာ ပါ၀င်​လာတာ။ ​လော​လောဆယ်​​တော့ သူ့ကို ဖမ်းတာဆီးတာ​တွေ လုပ်​တာ မရှိ​သေးဘူး။ သို့​သော်​လည်း ပဏာမစုံစမ်းစစ်​​ဆေး​ရေး အဖွဲ့​တော့ လာမယ်​ထင်​တယ်​။ လှုပ်​လှုပ်​ရှားရှား ဘာမှမရှိ​သေးဘူး။ သူလည်း ​ရှောင်​တိမ်း​နေတယ်​။ ဆန္ဒပြပွဲမှာ ၀င်​ပါတာ​တော့ မရှိဘူး။ ပံ့ပိုး​ရေးအဖွဲ့က​တော့ လိုတာရှိရင်​​ပြောလို့ ကမ်းလှမ်းထားတယ်” လို့ ​ငွေ​ဆောင်​​ဒေသခံတစ်​ဦးက ပြောပါတယ်။

​ငွေ​ဆောင်​မြို့ခံတွေက CDM အစီအစဉ်​ပါ၀င်​လာတဲ့အတွက် ပံပိုး​ရေးအဖွဲ့က ရဲအုပ်​ညီညီနိုင်​ရဲ့ မိသားစုအတွက် ဖိအားများမဖြစ်​​စေဖို့ ပုသိမ်​ CDM ပံ့ပိုး​ရေးအဖွဲ့နဲ့ ချိတ်​ဆက်​ကာ ​ကူညီပေးထားတယ်လို့ ဆိုပါတယ်။

ရဲအုပ်​ညီညီနိုင်​နဲ့အတူ ​ငွေ​ဆောင်​နယ်​မြေ ​ရဲစခန်းက ရဲတပ်သားဖုန်းခိုင်လည်း ​ဖေ​ဖော်​ဝါရီ ၁၂ ရက်​​နေ့မနက်ပိုင်းက စတင်ပြီး ရဲတပ်ဖွဲ့တာဝန်တွေကို ထမ်းဆောင်မှု မရှိတော့​ဘူးလို့ သိရပေမယ့် CDM အစီအစဉ်​မှာ ပါ၀င်​တာ ဟုတ်​၊ မဟုတ်​ သီးခြားအတည်​ပြုချက်​ မရရှိ​သေးပါဘူး။

ရဲအုပ် ညီညီနိုင်​ကတော့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ရက်စွဲနဲ့ပြည်ထဲရေးဝန်ကြီးဌာနထံ လိပ်မူပြီးရေးထားတဲ့ လက်ရေးမူစာထဲမှာတော့ စစ်အာဏာရှင်လက်အောက်မှာ တာဝန်ထမ်းဆောင်လိုခြင်းမရှိတဲ့အတွက် ရဲတပ်ဖွဲ့ကနေ နုတ်ထွက်ခွင့်ပြုဖို့၊ အခုလို နုတ်ထွက်တာဟာ ရဲတပ်ဖွဲ့အပေါ်သစ္စာဖော်တာ မဟုတ်ဘဲ စစ်အာဏာရှင်ကိုအလိုမရှိလို့ ရုံးမတက်ပဲ ရုန်းထွက်ခြင်း ဖြစ်ကြောင်း ရေးသားထားပါတယ်။

စာရဲ့အောက်ဆုံးမှာ မှတ်ချက်အနေနဲ့ သူ့အနေနဲ့ ရဲတပ်ဖွဲ့က ထုတ်ပေးထားတဲ့ လက်နက်နဲ့ ဆက်သွယ်ရေးစက်တွေကို ယူဆောင်သွားမှာမဟုတ်ဘူးလို့ ထည့်သွင်းရေးသားဖော်ပြခဲ့ပါသေးတယ်။

မင်းထက်မုန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013